No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရှမ်းမြောက်က တံတား ၂ စီးက စစ်ကောင်စီစခန်း ၂ ခုကို KIA တပ်များ တစ်ချိန်ထဲဝင်တိုက် ကေအိုင်ကေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်။ ယနေ့ ဇူလိုင် ၂၉ ရက် နေလည် ၁၁ နာရီခန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွက်ခိုင်အကြားရှိ နမ့်ပေါ်တံတားနှင့် နမ့်ခိုင်တံတားအသီးသီးမှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကို ကေအိုင်ကေတပ်များမှ တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲမှာ ၂ နာရီခန့် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ကေတပ်မဟာ ၆ လက်အောက် တပ်ရင်း ၉ မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။ ကွတ်ခိုင်ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ကူပေးကြောင်း ကွတ်ခိုင်မြို့များက အတည်ပြုပြောကြားပါသည်။ ကေအိုင်ကေတပ်များဘက်မှ ရှော့တိုက်ဒုံးများသုံးခဲ့သည်ဟု ယူဆကြောင်း နမ့်ပေါတံတားအနီးတွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပါသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု သတင်းကိုတော့ အတည်ပြုနိုင်ခြင်း ရှိသေးပေမဲ့ အဆိုပါ ကင်းစခန်းတွေမှာ တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ခရီးသွားပြည်သူလူထုကို အမြဲ ခြိမ်းခြောက်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။ NM@Media9 Photo - နမ့်ပေါ်တံတားအနီးက စစ်ကောင်စီဂိတ် (CJ) Credit: