
နေပြည်တော် ဂျန်နရေးရှင်းဇီတွေရဲ့ စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှု ~~~~~~ ■ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အနေနဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့အဝင် တောင်ညိုလမ်းပေါ်မှာ WE WANT DEMOCRACY ( ဒီမိုကရေစီလိုချင်ပါတယ်)ဆိုတဲ့ စာသားကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရေးဆွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီစာသားရေးဆွဲပြီးခါနီးမှာပဲ စစ်ကားတွေ ရဲကားတွေရောက်လာပြီး အင်အားသုံး လူစုခွဲခဲ့ပြီး လမ်းမထက်က ဒီစာတွေကိုလည်း ရဲတပ်ဖွဲ့က ရေဖြန်းပြီး ပြန်ဖျတ်လိုက်တာပါ။ ဒီစာသားရေးဆွဲတဲ့ လှုပ်ရှားမှုကို ၁၉၉၆ ခုနှစ် နောက်ပိုင်းမွေးဖွားတဲ့ ဂျန်နရေးရှင်းဇီ (Generation Z) လို့ခေါ်တဲ့ လူငယ်မျိုးဆက်တွေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ Credit: