
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တန့်ဆည်မြို့တွင်ရေကြီး DVB စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ ဩဂုတ် ၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စျေးသစ်အနီး ရေအနက် ၄ ပေ လောက် မိုးရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၂၀ လောက် ရေဘေးနဲ့ကြုံနေရပါတယ်။ တန့်ဆည်မီးသတ်တပ်ဖွဲ့ဝင်တွေက ရေဆိုးမြောင်းတွေရှင်းလင်းတာနဲ့ ရေကင်းလွတ်ရာနေရာတွေ ရွှေ့ပြောင်းပေးပြီး ကူညီပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ စျေးသစ်အနီး မိုးရေဝင်ခဲ့တဲ့နေရာတွေမှာ ရေပြန်လည်ကျဆင်းသွားပြီးလို့ သိရပါတယ် Photo - တန့်ဆည်မီးသတ်စခန်း Credit: