
"ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး မိတ္ထီလာမြို့၌ အလှူငွေ ကောက်ခံရာ သုံးရက်အတွင်း ကျပ်သိန်း ၁,၅၀၀ ခန့် ရရှိ" နိုင်ငံတော်၏ COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရေးလုပ်ငန်းသို့ လှူဒါန်း ရန် မိတ္ထီလာမြို့၌ အလှူငွေ ကောက်ခံရာ သုံးရက်အတွင်း ကျပ်သိန်း ၁,၅၀၀ ခန့်ရရှိကြောင်း မိတ္ထီလာမြို့ ဦးဆောင်စေတနာ ရှင်များအဖွဲ့မှ ဦးညီညီမောင်က ပြောကြားသည်။ အလှူငွေ ကောက်ခံရေးကို မိတ္ထီလာရှိ လူမှုရေးအသင်းအဖွဲ့ များ စုပေါင်းတိုင်ပင်လုပ်ဆောင် ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ သာသနာ့ ဗိမာန်တွင် အလှူခံဌာနကို ဇန်န ဝါရီ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့ သည်။ အလှူခံဌာနမဖွင့်လှစ်မီ မြို့ပေါ်မှ အလှူရှင်များအား ဖိတ် ကြားပြီး ဦးစွာရှင်းပြခဲ့ကြောင်း ဦးညီညီမောင်က ပြောသည်။ သတင်းအပြည့်အစုံ https://7day.news/301848 Credit