No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒီကနေ့ မနက်ပိုင်း ရန်ကုန်နေရာအချို့ပေါက်ကွဲမှုဖြစ် ဒီကနေ့ သြဂုတ် ၃၀ရက် မနက်အစောပိုင်းက ရန်ကုန် ကမာရွတ် လှည်းတန်းစင်တာနဲ့ မီးပွိုင့်အနီး၊ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းနဲ့ စမ်းချောင်းလမ်း အနီးက အကာအရံတွေရှိနေတဲ့လျှပ်စစ်ရုံး အနီး၊ အင်းစိန်မြို့နယ် နေရာအများစု ဖြစ်တဲ့ ဟိုက်ပတ် ဘိုကုန်း ဘက်၊ အင်းစိန် ဘူတာအနီး၊ဖော့ကန် ဂျပန်လမ်းအနီး၊ ပေါက်တော၀ နဲ့ ကြို့ကုန်း တဝိုက် မှာလည်း ပေါက်ကွဲမှု တွေဖြစ်ခဲ့တယ်လို့ မြို့ခံ အချို့ ကအတည်ပြုပါတယ်။ တောင်ဥက္ကလာပ မြို့နယ်ထဲမှာလည်း ပေါက်ကွဲမှု အချို့ဖြစ်ပြီး မြောက်ဥက္ကလာနေရာအချို့မှာလည်းပေါက်ကွဲမှုတွေဖြစ်တယ်လို့ ပြောကြပါတယ်။ မနေ့က ညပိုင်းကလည်း မြောက်ဒဂုံ ၃၈ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။ ပေါက်ကွဲတဲ့နေရာအများစုဟာ မနက်အစောပိုင်းဖြစ်သလို အများပြည်သူသုံးနေရာတွေမဟုတ်လို့ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ပြောကြပေမယ့် ဘီဘီစီအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာတော့ ပေါက်ကွဲမှုတွေဖြစ်ခဲ့အထဲနေရာအချို့မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေလုပ်ဆောင်နေသလို အချို့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ပေါက်ကွဲမှုဖြစ်တဲ့အနီးနေထိုင်ကြသူတွေကပြောပါတယ်။ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58248887 ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ - TPA ပုံစာ - မနက်အစောပိုင်းလှည်းတန်းပေါက်ကွဲမှု Credit: