
မြန်မာမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၅,၂၀၀ နီးပါးရှိလာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅,၁၈၃ ဦးအထိရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ သြဂုတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့တစ်နေ့တည်းတင် ကိုဗစ်ကြောင့်သေဆုံးတဲ့အတည်ပြုလူနာ ၁၀၆ ဦးအထိရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာဆိုရင် မြန်မာဟာ ကိုဗစ်ကူးစက်မှုကြောင့်သေဆုံးမှုအများဆုံး စတုတ္ထမြောက်နိုင်ငံဖြစ်လာပါတယ်။ ဇွန်လနှောင်းပိုင်းကနေ သြဂုတ်လ ဒုတိယသီတင်းပတ်လောက်အထိ ကူးစက်မှုအရှိန်မြင့်တက်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းအတွင်း ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကြောင့် ကိုဗစ်သံသယလက္ခဏာတွေနဲ့ နေအိမ်တွေမှာသေဆုံးသူတွေရှိခဲ့လို့ အမှန်တကယ်သေဆုံးသူအရေအတွက် ဒီ့ထက်များနိုင်တယ်လို့ ပရဟိတအသင်းတွေ၊ နာကူအသင်းတွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။ ပုံစာ - ကိုဗစ်တတိယလှိုင်းကူးစက်မှုမြင့်ချိန် သံသယလက္ခဏာတွေနဲ့ နေအိမ်တွေမှာ သေဆုံးသူတွေရှိခဲ့တာကြောင့် အမှန်တကယ်သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်နေကြ။ ဓာတ်ပုံ - Getty Images ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58248887 #ဘီဘီစီမြန်မာပိုင်း #ကိုဗစ် #လူသေဆုံးနှုန်း #အာဆီယံ Credit: