No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်တွင်းဝါဒဖြန့်စာဖတ်ပြသည့် ဗိုလ်ကြီးကို ရဲဘော်က ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် DVB စစ်ကောင်စီ တပ်တွင်းဝါဒဖြန့် ကြေးနန်းစာဖတ်ပြခဲ့တဲ့ ဗိုလ်ကြီးတစ်ယောက်ကို ရဲဘော်တစ်​ယောက်က သေနတ်နဲ့ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ချင်းပြည်နယ် မတူပီမြို့မှာ ဩဂုတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ တပ်တွင်းဝါဒဖြန့် ကြေးနန်းတစ်စောင်ကို မတူပီမြို့ ခလရ ၁၄၀ တပ်ရင်းက ဗိုလ်ကြီးတစ်ယောက် ဖတ်ပြနေစဉ် တပ်သားတစ်ယောက်က အယုံကြည်မရှိဘူးဆိုပြီး အော်ပြောကာ ကြေးနန်းဖတ်ပြတဲ့ ဗိုလ်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ #DVB #News http://burmese.dvb.no/archives/484505 Credit: