
တရားမဝင် ရွှေ့ပြောင်း အခြေချသူ လူအုပ်ကြီးကို ဟန့်တားရာက ပဋိပက္ခတွေ ဖြစ်ပွား အမေရိကန်ကို ဦးတည်နေပြီး လူပေါင်း ထောင်နဲ့ချီ စုစည်း ပါဝင်တဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူ လူအုပ်ကြီးကို ဂွာတီမာလာ ရဲတပ်ဖွဲ့က ကြားဖြတ် တားဆီးရင်း ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်က ဟွန်းဒူးရပ်စ်နဲ့ နယ်စပ်နားမှာ ဂွာတာမာလာ ရဲတပ်ဖွဲ့က အဲဒီ ရွှေ့ပြောင်း အခြေချသူတွေကို ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ် နိုင်ငံသား အများစု ပါဝင်ပြီး အရေအတွက် ၇၀၀၀ လောက်ထိ များပြားတဲ့ လူအုပ်ကြီးဟာ စီးပွားရေး အကျပ်အတည်းနဲ့ ပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းပြီး အမေရိကန်မှာ အခြေချနိုင်ဖို့ မျှော်လင့်ထားကြတာပါ။ သူတို့ဟာ ဂွာတီမာလာတဆင့် မက္ကဆီကို နိုင်ငံကို ဖြတ်ကျော်ပြီး အမေရိကန် တောင်ပိုင်း နယ်စပ်ဒေသကို သွားရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂွာတီမာလာ အစိုးရကတော့ နိုင်ငံ နယ်နိမိတ်ထဲမှာ ပြည်ပနိုင်ငံသားတွေက တရားမဝင် လူစုလူဝေးနဲ့ ရွေ့လျား သွားလာတာတွေကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာတော့ ဂွာတီမာလာ ရဲတပ်ဖွဲ့က အဲဒီ လူစုလူဝေးကို ကြားဖြတ် ဟန့်တားရင်း နှစ်ဖက် ရုန်းရင်းဆန်ခတ် အခြေအနေတွေ ပေါ်ပေါက်ခဲ့တာပါ။ ဓာတ်ပုံ-EPA Credit