CDM လုပ်လိုသောတပ်မတော်သားများ၊ ရဲသားများနှင့် ဌါနဆိုင်ရာလူကြီးများအား ဆုကြေးသိန်း၁၀၀ထိချီးမြင့်မည်ဖြစ်ကြောင်း Chinland Defense Force (CDF ဟားခါး) မှဖိတ်ခေါ်ကြေငြာ။ နိုင်ငံသားတာဝန်သိစိတ်အပြည့်ဖြင့် အာဏာရှင်ကို ဖီဆန်ကာ ပြည်သူများနှင့် လာရောက်ပူးပေါင်းလိုသော တပ်မတော်သားများ၊ ရဲသားများနှင့် ဌါနဆိုင်ရာ လူကြီးများအား နွေးထွေးစွာကြိုဆိုကြောင်းနှင့် ထိုကဲ့သို့လာရောက်ပူးေပါင်းသူများအား ေဖာ်ပြပါဆုကြေးအသီးသီးကိုလက်ငင်းချီးမြင့်သွားမည်ဟု Chinland Defense Force (CDF ဟားခါး) မှကြေငြာချက်ထုတ်ပြန်ထားကြောင်းသိရပါသည်။ ဆုကြေးငေွများမှာ ၁။ တပ်မတော်သား၊ ရဲသားနှင့်ဌါနဆိုင်ရာလူကြီးများ အနေဖြင့် CDM ဝင်ရောက်မည် ဆိုပါက မိသားစုဝင်အားလုံးအတွက် လိုအပ်သော လုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ၂။ လက်နက်ငယ်နှင့်ကျည်ဆံများတစ်ပါတည်း ယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း (၅၀) ၃။ လက်နက်ကြီးနှင့်ကျည်ဆံများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း (၁၀၀) ၄။ ပြည်သူများပိုင်သည့် ဌါနဆိုင်ရာကားများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ် သိန်း (၅၀) တို့ကိုလက်ငင်းချီးမြင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ #ChinlandDefenseForce #CDFHakha #CDM #CDMဆုကြေးငွေ #Media9 Credit:
