စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်း၍ PDF ကိုတိုက်ခိုက်။ စက်တင်ဘာ ၁၈၊ရှမ်းပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့မှ ပင်းတယသို့အထွက်လမ်းရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ နောင်ရဲကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းတပ်ဖွဲ့တွေက ဒေသခံ PDF တွေကိုတိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မနက်(၉)နာရီ ခန့်ကစပြီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး နောင်ရဲရွာသားအချို့ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။ယခု လက်ရှိအချိန်ထိလည်း ရွာနားတဝိုက်မှာ စစ်ကောင်စီတပ်စခန်းတွေ ချထားနေဆဲလို့သတင်းရရှိပါတယ်။မနေ့ညက ရွာခံထော်လာဂျီစက်ဆရာနှစ်ယောက်ကို စစ်ကောင်စီတပ်တွေက အတင်းအဓမ္မ ခေါ်သွားပြီး သရဲကျေးရွာနဲ့ နောင်ရဲရွာ နှစ်ရွာကြားကနေ ‘ရတောင်’ ‘တောင်နီ’ နဲ့ ဟောင်းတပ်ခြေ ရေထွက်ဂနိုင်အထိ လမ်းပြခိုင်းတယ်လို့သိရပါတယ်။စက်ဆရာ၂ယောက်ရဲ ့ဖုန်းတွေကိုစစ်ကောင်စီကသိမ်းယူထားလိုက်ပြီး စက်ဆရာတစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ကျန်တစ်ယောက်ရဲ ့အခြေအနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ သတင်းအရင်းြမစ်ကို ကလောမြို့ခံမီဒီယာ ဖြစ်တဲ့ Kalaw Township Media မှရယူတင်ဆက်ခြင်းဖြစ်ပါတယ်။ #ကလော #နောင်ရဲရွာ #ပအိုဝ်းပြည်သူ့စစ်(PNO) #PDF #တိုက်ပွဲသတင်း #Media9 #နောင်ရဲရွာ Credit:
