
"ဟားခါးဆန္ဒပြပွဲတွင် သတင်းယူနေသည့်ဟားခါးတိုင်းမ်အယ်ဒီတာချုပ်အပါဝင်သုံးဦးအဖမ်းခံရ" ရန်ကုန်- ချင်းပြည်နယ် ဟားခါးမြို့ ဆန္ဒပြပွဲတွင် သတင်းယူနေသည့် ဟားခါးတိုင်းမ် သတင်းဌာနမှ အယ်ဒီတာ ချုပ်အပါအဝင် စုစုပေါင်း သုံးဦးအဖမ်းခံရကြောင်း ဟားခါးအခြေစိုက် သတင်းထောက်များကပြောသည်။ အယ်ဒီတာချုပ်သည် ဆန္ဒပြပွဲသတင်းယူနေစဥ်အဖမ်းခံရပြီး ကျန်နှစ်ဦးသည်အဖမ်းခံရသူ ပြန်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းစဥ်အဖမ်းခံရသည့်ဒေသခံပြည်သူနှစ်ဦးဖြစ်ပြီး သွားရောက်ညှိနှိုင်းသူများထဲတွင် ခရစ်ယာန် သင်း အုပ် ဆရာ ပါဝင်သည် ဟုဆိုသည်။ ဟားခါးမြို့ဆန္ဒပြပွဲကို ယနေ့နံနက်ပိုင်းကတည်းက တားမြစ်ခဲ့ပြီး လူထုက ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲပေးစဥ် ရဲ တပ်ဖွဲ့ က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် သတင်းထောက်များကို ရဲတပ်ဖွဲ့က ဦးတည်လိုက်ဖမ်းခဲ့ကြောင်း သတင်းထောက်များကပြောသည်။ ဓာတ်ပုံ- ဟားခါးပို့စ် Credit: