
မြန်မာ့အခြေအနေ Total ကုမ္ပဏီ စိုးရိမ် ~~~~~~~~~~~~ ■ မြန်မာနိုင်ငံရဲ့ လက်ရှိပြည်တွင်းရေးအခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ပြင်သစ်အခြေစိုက် Total ရေနံကုမ္ပဏီ က သောကြာနေ့က ပြောဆိုပါတယ်။ Total အနေနဲ့ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး၊ အလုပ်သမားတွေ၊ ကန်ထရိုက်တာတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးတွေကို ဖြည့်ဆည်းပေးနေကြောင်း၊ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်ရပြီး ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ပြဿနာတွေကို ဖြေရှင်းစေလိုကြောင်း၊ မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ တိုင်းပြည်အဖြစ် ဆက်လက် ကြိုးပမ်းကြစေလိုကြောင်လည်း Total ကုမ္ပဏီက ပြောပါတယ်။ Total ဟာ ဩစတေးလျ Woodside ကုမ္ပဏီ၊ မြန်မာ MPRL E&P ကုမ္ပဏီတွေနဲ့အတူ၊ အနောက်တောင် ကမ်းရိုးတန်းက ကမ်းလွန် လုပ်ကွက် A6 မှာ လုပ်ကိုင်နေတာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပင်လယ်အောက် မီတာနှစ်ထောင်ကျော် အနက်အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။ Credit: