No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကိုဗစ် ကာကွယ်ဆေးထိုးပြီးနောက်မှာ ပိုးကူးခံရနိုင်လား ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နေပါပြီ။ ဒီလို ကာကွယ်ဆေး ထိုးထားတဲ့ကြားက ကူးစက်မှု ရှိတာလည်း တွေ့ရပါတယ်။ ပထမတစ်ကြိမ် ထိုးထားသူ အင်္ဂလန်က မြန်မာ တစ်ယောက် ဗိုင်းရပ်ကူးစက်ခံခဲ့ရတာပါ။ သူက လန်ဒန်မြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေကို စောင့်ရှောက်တဲ့ ဂေဟာ Care Home တခုမှာ အလုပ်လုပ်တဲ့ ကူညီစောင့်ရှောက်ရေး လုပ်သား ကိုကျော်သူလင်းဖြစ်ပါတယ်။ သူ့လုပ်ငန်းသဘောအရ လူတွေနဲ့ အနီးကပ် ထိတွေ့ ရလို့ ပုံမှန် တစ်ပတ်တခါ ဗိုင်းရပ်စ် ရှိမရှိစမ်းသပ်ရပါတယ်။ ဆေးထိုးပြီး ၈ ရက်ကြာအထိ ဗိုင်းရပ်စ် မရှိပေမဲ့ ၁၀ ရက်အကြာမှာ ဗိုင်းရပ်စ်ကူးတာ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒီတော့ သူဘယ်လိုကူးစက်တာလဲ၊ ကာကွယ်ဆေးထိုးထားပေမဲ့ ဘာကြောင့် မကာကွယ်နိုင်တာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျော်သူလင်း နဲ့ ဗြိတိန်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ သမားတော်ကြီး ဒေါက်တာသီတာအောင် တို့ကို ဗီဒီယို ကတဆင့် ဘီဘီစီက မေးမြန်းထားပါတယ်။ မေးမြန်း - ရီရီအောင်၊ တည်းဖြတ် - ဝင်းကျော်သူ / ဘီဘီစီမြန်မာပိုင်း Credit