No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနက်က စက်လာပြင်တာဆိုပြီး တိုက်ခန်းသော့ကို အတင်းဖျက်ခိုင်းတဲ့ လူစိမ်းနှစ်ယောက်.. သတိထားစရာပါ။ ၁၇-၁-၂၀၂၁ ရက်နေ့ နံနက် ၁၁း၅၀ လောက်မှာပါ ကျွန်တော့်အိမ်က ၁၃ ရပ်ကွက် မဟာဆွေလမ်းမှာ ဖြစ်တာပါ။ မြန်မာနက် အင်တာနက်လိုင်းမကောင်းလို့ ဆိုပြီး ဖုန်းဆက်ခေါ်လို့တဲ့ စက်လာပြင်တဲ့ လူစိမ်း ၂ ယောက် အိမ်ကို လာသွားတယ်လို့ အမျိုးသမီးက အခုပဲ ဖုန်းဆက်ပြောပါတယ်.. အိမ်သားတွေအကုန်လုံးကို မေးကြည့်တော့ ဘယ်သူမှ မြန်မာနက်ကို လိုင်းမကောင်းလို့ စက်လာပြင်ပေးဖို့ ဖုန်း မဆက်ထားကြပါဘူး.. အိမ်လိပ်စာကလည်း သူတို့ပြောတာ မှန်နေတယ်။ လူလတ်ပိုင်း အသက် ၃၀ ကျော်လို့ ပြောပါတယ်.. လျှာထိုး ဦးထုပ်တွေ စောင်းထားပြီး မက်တွေ တပ်ထားတော့ ရုပ်ကို အသေအချာ မမြင်ရဘူးလို့ ပြောပါတယ်.. ဘောင်းဘီအရှည် ကျောပိုးလွယ်အိပ်တွေပါတယ်.. တိုက်ခန်းကို အပြင်က သံဗန်းတံခါးကို သော့ခတ်ထားတာပါ.. အတွင်းက သစ်သားတံတားကိုလဲ လော့ချထားတာပါ.. တံခါးခေါက်သံ ကြားလို့ သမီးလေးက ဘယ်သူလဲဆိုပြီး တံခါးသွားဖွင့်ပါတယ်။ အမျိုးသမီးကလည်း ထွက်ပြီးကြည့်လိုက်တော့ လူစိမ်းတွေ ဖြစ်နေလို့ ဘာကိစ္စ ရှိလို့လဲလို့ မေးကြည့်တော့ မြန်မာနက် စက်လာပြင်တာပါလို့ ပြောတယ်.. လိုင်းမကောင်းဘူးဆိုပြီး ဖုန်းဆက်ခေါ်လို့တဲ့.. အမျိုးသမီးက မသင်္ကာလို့ တံခါးဖွင့် မပေးပဲ အိမ်ထဲက အဝေးကနေပြီး စကားလှမ်းပြောပါတယ်။ လူစိမ်းနှစ်ယောက်က သော့ဖွင့်ပေးဖို့ ပြောပါတယ်.. အတွင်းကစက်ကို ပြင်ဖို့တဲ့ သော့ကို အစ်မက ယူသွားကြောင်း သူပြန်လာမှ အိမ်ထဲ ဝင်လို့ရမယ် ဖြစ်ကြောင်း အမျိုးသမီးက ပြန်ပြောလိုက်ပါတယ်။ အဲ့အချိန်မှာ သော့ဖျက်ပြီး ပေးဝင်ဖို့ အဲ့လူစိမ်းတစ်ယောက်က ပြောပါတယ်။ အမျိုးသမီးကလည်း လုံးဝအိမ်ထဲ ဝင်လို့ မရကြောင်း သော့ကိုလဲ ဖျက်ခွင့် မပေးကြောင်း ပြောလိုက်ပါတယ်.. အဲ့အချိန်မှာ လူစိမ်း ၂ ယောက်က သူတို့အချင်းချင်း စကားပြောပြီး တိုက်အောက် ဆင်းသွားကြတယ်လို့ ပြောပါတယ် ဘာပဲဖြစ်ဖြစ် မသင်္ကာစရာပါ။ ၄ ထပ်တိုက်ပါ.. စီစီတီဗီ မရှိတဲ့အတွက် စိတ်ပူရပါတယ်.. ရပ်ကွက်နေပြည်သူများလည်း သတိထားကြပါ.. လူစိမ်းဆိုရင် အဝေးကပဲ စကားပြောပြီး အိမ်ထဲ ပေးမဝင်ကြပါနဲ့ခင်ဗျာ။ (Kyaw Zin Win) Credit