
နေပြည်တော်ကို ခိုးဝင်လာသူထံက မိသားစုဝင်ကိုဦး ကိုဗစ်ကူးစက်ခံရ ဇန်နဝါရီ - ၁၉ ၊၂၀၂၁ နေပြည်တော်ကောင်စီ နယ်မြေ ကို ပြင်က ကနေ ခိုးဝင် လာသူနှစ်ဦး ထံကနေ မိသားစုဝင် ကိုးဦး ကိုဗစ် ကူးစက်ခံခဲ့ရတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ နေပြည်တော်ကို လာတဲ့အခါ တရားဝင် ဂိတ်ကနေ ဝင်ပြီး ကွာရင်းတင်းဝင်ရမှာဖြစ်ပြီး ဆေးစစ်မှု ခံယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က နိုင်ငံခြားက ပြန်လာတဲ့ လင်မယားနှစ်ဦးဟာ နေပြည်တော်ကို တရားဝင်လမ်ကြောင်းက နေ မလာဘဲ ဝင်ရောက်ခဲ့တဲ့အတွက် သူတို့နှစ်ဦးနဲ့ထိစပ်မိတဲ့ မိသားစုဝင် ကိုးဦး ရောဂါကူးစက်ခံခဲ့ရတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။ ဒီလို ခိုးဝင်လာတဲ့သူ ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀ ( က )နဲ့ အရေးယူထားတယ်လို့သိရပါတယ်။ အဲဒီပုဒ်မနဲ့ တရားစွဲခံရရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပေမယ့် အာမခံပေးနိုင်တဲ့ အမှုဖြစ်ပါတယ်။ လက်ရှိနေပြည်တော်မှာ အဲဒီပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ အမှု ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ဇန်နဝါရီလ ၁၈ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၁၁၈၅ ဦး၊ သေဆုံးသူ ၇ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၆၉၂ ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ရုပ်သံသတင်းထောက် - ဝင်းကိုကိုလတ် Credit