No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာ့ရုပ်မြင်သံကြားစာမျက်နှာတွေကို Facebook ဖယ်ရှား ~~~~~ ■ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ Facebook စာမျက်နှာတွေဖြစ်တဲ့ MRTV နဲ့ MRTV Live Pages တို့ကို Facebook ကနေ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီကနေ့ မှာ ဖယ်ရှားလိုက်ပါတယ်။ ဒီစာမျက်နှာတွေဟာ Facebook ကုမ္ပဏီကချမှတ်ထားတဲ့ “ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် မလှုံ့ဆော်ရ” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပိတ်လိုက်တာ ဖြစ်တယ်လို့ Facebook ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ဆိုတဲ့ အကောင့်ကိုလည်း Facebook က မနေ့ကပိတ်လိုက်ပါတယ်။ အလားတူ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားရဲ့ အကောင့်ကိုလည်း စစ်တပ်အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ Facebook က ပိတ်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာမျက်နှာကိုတော့ Facebook က ၂၀၁၈ ခုနှစ်ကတည်းကပိတ်ထားပါတယ်။ --------------------------- ျမန္မာ့ရုပ္ျမင္သံၾကားစာမ်က္နွာေတြကို Facebook ဖယ္ရွား ~~~~~ ■ အာဏာသိမ္းစစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့႐ုပ္ျမင္သံၾကားရဲ႕ Facebook စာမ်က္ႏွာေတြျဖစ္တဲ့ MRTV နဲ႔ MRTV Live Pages တို႔ကို Facebook ကေန ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႕ ဒီကေန႔ မွာ ဖယ္ရွားလိုက္ပါတယ္။ ဒီစာမ်က္ႏွာေတြဟာ Facebook ကုမၸဏီကခ်မွတ္ထားတဲ့ “ဆူပူအၾကမ္းဖက္မႈေတြျဖစ္ေအာင္ မလႈံ႕ေဆာ္ရ” ဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြကို အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ပိတ္လိုက္တာ ျဖစ္တယ္လို႔ Facebook ကုမၸဏီ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားတဲ့အေၾကာင္း Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။ “တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔” ဆိုတဲ့ အေကာင့္ကိုလည္း Facebook က မေန႔ကပိတ္လုိက္ပါတယ္။ အလားတူ စစ္တပ္ပိုင္ ျမဝတီ႐ုပ္ျမင္သံၾကားရဲ႕ အေကာင့္ကိုလည္း စစ္တပ္အာဏာသိမ္းၿပီး ေနာက္တရက္ျဖစ္တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာပဲ Facebook က ပိတ္လိုက္ပါတယ္။ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ စာမ်က္နွာကိုေတာ့ Facebook က ၂၀၁၈ ခုႏွစ္ကတည္းကပိတ္ထားပါတယ္။ Credit: