
စမ်းချောင်းမှာလူငယ်၂ဦးကိုစစ်ကောင်စီရဲ့လက်အောက်ခံရဲ တွေဖမ်းဆီးသွား ဇွန်လ ၊ ၁၈ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ထဲက မင်းလမ်းနဲ့ ဦဖီးလမ်း ထိပ်မှာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ရဲတွေက လူငယ် ၂ယောက် ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက MLN ကိုပြောပါတယ်။ "ပထမ တယောက်ဖမ်းလားတာ ဖမ်းခံရတဲ့တယောက်ကို ငါပြန်သွားပြီဆိုပြီးနောက်တယောက်ကိုဖုန်းဆက်ခိုင်းတယ်ကျန်တဲ့ကလေးထွက်လာတော့မှ မင်းလမ်းမှာအိတ်ပြီးထပ်ဖမ်းတာ အားလုံးပေါင်း ၂ ယောက်မိသွားတယ်"လို့မျက်မြင်တွေ့ရှိရတဲ့ပြည်သူတဦးကပြောပါတယ်။ လက်ရှိအခြေအနေမှာစစ်ကောင်စီတပ်တွေက ပြည်သူတွေကိုဖမ်းဆီးရာမှာ မိသားစုဝင်တွေကိုဓါးစာခံဖမ်းဆီးခြင်း အရပ်ဂတ်နဲ့အသွင်ယူဖမ်းဆီးတာတွေအပြင် အလှူအတန်း နဲ့ တခြားသောကိစ္စတွေအကြောင်းပြပြီး ဖုန်းဆက်ချိန်းဆိုကာဖမ်းဆီးတာတွေလုပ်နေပါတယ်။ #MyanmarLabourNews Credit: