No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း ဒေသခံတွေ သတင်းစာရှင်းလင်း ~~~~~~ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းပါတဲ့ရွာတွေက တောင်သူတွေနဲ့ အစိုးရကြား မြေယာလျော်ကြေး ကိစ္စညှိနှိုင်းမှု ပြေလည်သွားပြီဆိုတာ မဟုတ်မှန်ကြောင်း ဒေသခံ မြေရှင်တောင်သူ ၅၀ လောက်က ဒီနေ့ ပြောလိုက်ပါတယ်။ တောင်သူ ၅၀ လောက်က ဆည်တည်းရွာဟောင်းအနီးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းခဲ့တာပါ။ ဆည်တည်းရွာဟာ ကြေးနီစီမံကိန်းဧရိယာထဲပါနေပေမယ့် မြေယာလျော်ကြေးကိစ္စ အငြင်းပွားနေတာကြောင့် မပြောင်းရွှေ့ရသေးတဲ့ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စစ်ကိုင်းတိုင်းအစိုးရက မြေတစ်ဧကကို ၁၈ သိန်းနှုန်း သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာ မြေတစ်ဧကကို ကာလပေါက်ဈေး သိန်းရာချီရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ တောင်သူတွေက လက်ရှိ ကာလပေါက်ဈေးရမှသာ ကျေနပ်နိုင်မယ်လို့ ပြောပါတယ်။ အစိုးရက အရင်သတ်မှတ်ထားတဲ့ လျော်ကြေးနှုန်းထားအတိုင်း ဒေသခံတွေက လျော်ကြေးထုတ်ယူဖို့ သဘောတူလိုက်ပြီလို့ ပြီးခဲ့တဲ့တစ်ပတ်လောက်က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောဆိုတာတွေရှိခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၂ ခုနှစ်က စတင်ပြီး တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်တို့ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ - Unicode --------------- မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း ဒေသခံတွေ သတင်းစာရှင်းလင်း ~~~~~~ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းပါတဲ့ရွာတွေက တောင်သူတွေနဲ့ အစိုးရကြား မြေယာလျော်ကြေး ကိစ္စညှိနှိုင်းမှု ပြေလည်သွားပြီဆိုတာ မဟုတ်မှန်ကြောင်း ဒေသခံ မြေရှင်တောင်သူ ၅၀ လောက်က ဒီနေ့ ပြောလိုက်ပါတယ်။ တောင်သူ ၅၀ လောက်က ဆည်တည်းရွာဟောင်းအနီးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းခဲ့တာပါ။ ဆည်တည်းရွာဟာ ကြေးနီစီမံကိန်းဧရိယာထဲပါနေပေမယ့် မြေယာလျော်ကြေးကိစ္စ အငြင်းပွားနေတာကြောင့် မပြောင်းရွှေ့ရသေးတဲ့ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စစ်ကိုင်းတိုင်းအစိုးရက မြေတစ်ဧကကို ၁၈ သိန်းနှုန်း သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာ မြေတစ်ဧကကို ကာလပေါက်ဈေး သိန်းရာချီရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ တောင်သူတွေက လက်ရှိ ကာလပေါက်ဈေးရမှသာ ကျေနပ်နိုင်မယ်လို့ ပြောပါတယ်။ အစိုးရက အရင်သတ်မှတ်ထားတဲ့ လျော်ကြေးနှုန်းထားအတိုင်း ဒေသခံတွေက လျော်ကြေးထုတ်ယူဖို့ သဘောတူလိုက်ပြီလို့ ပြီးခဲ့တဲ့တစ်ပတ်လောက်က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောဆိုတာတွေရှိခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၂ ခုနှစ်က စတင်ပြီး တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်တို့ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ - Zawgyi --------------- Photo: Khaymani Win/RFA Crd