
ဖေဖော်ဝါရီလ ၂၈ရက်နေ့က ဖြစ်ခဲ့တဲ့ သာကေတမြို့နယ် သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရမှုမှာ ရဲနဲ့ စစ်တပ်ကို သတင်းပေးခဲ့သူကို ရပ်ကွက်တွင်းက နှင်ထုတ် ဖေဖော်ဝါရီ ၂၈ရက်က သာကေတမြို့နယ် သပိတ်စစ်ကြောင်း အင်အားအလုံးအရင်းနဲ့ဖြိုခွင်းခံရပြီး အဲ့ဒီလို ဖြိုခွင်းနိုင်ဖို့အတွက် သပိတ်စစ်ကြောင်း တည်နေရာကို ရဲနဲ့စစ်တပ်ကို သတင်းပေးခဲ့သူ မတင်တင်နွယ်ကို ရပ်ကွက်တွင်းက နှင်ထုတ်ခဲ့ပါတယ်။ မတင်တင်နွယ်က သာကေတမြို့နယ် ၇အရှေ့ရပ်ကွက်တွင်း အိမ်ငှားနေထိုင်သူဖြစ်ပြီး သပိတ်စစ်ကြောင်း တည်နေရာကို သဝင်းပေးခဲ့တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက အတိအကျ ပြောဆိုပါတယ်။ အခုကိစ္စကြောင့် အိမ်ရှင်အပါအဝင် ရပ်ကွက်သူ ရပ်ကွက်သားတွေက အိမ်ကနေ နှင်ထုတ်ခဲ့တာဖြစ်ပြီး အိမ်ကို ဝင်ရောက် ကြည့်ရှုချိန်မှာတော့ မတင်တင်နွယ်က ထွက်ပြေးတိမ်းရှောင်နေတာလဲ ဖြစ်ပါတယ်။ #Yangon #WhatIsHappeningInMyanmar Credit: