
စမ်းချောင်းမြို့နယ် ဝေဠုဝန်(မြောက်)ရပ်ကွက်မှာ ညအချိန်မတော်တွေ့တာကြောင့် ရပ်ကွက်နေပြည်သူတွေ မနေ့ညကပဲ ဖမ်းမိထားတဲ့သူတွေဖြစ်ပါတယ်။ ဒီမနက်ပိုင်း သတင်းမီဒီယာတွေ လာရောက်သတင်းယူပြိးရင်တော့ ရဲစခန်းကိုလွှဲပေးမယ်လို့ ညကဖမ်းတုန်ကပါလာတဲ့ ပြည်သူတစ်ယောက်က RFA ကိုပြောပါတယ်။ ရပ်ကွက်နေပြည်သူတွေဝိုင်းဝန်းဖမ်းဆီးထားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ သေချာမသိရသေးပါဘူး။ အခုအချိန်အထိတော့ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်ရဲ့ ဆွမ်းချက်ဆောင်မှာ ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။ Credit: