
ကုန်တင်ကားမောင်းသူတွေအတွက် ကိုဗစ်ထောက်ခံချက်ကို ရက်တိုးပေးဖို့ တင်ပြထား ဇန်နဝါရီ-၁၉၊၂၀၂၁ ကုန်တင်ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက်တွေကိုထုတ်ပေးတဲ့ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ကိုသုံးရက်ကနေ ၇ရကျလောကျအထိတိုးမွှင့ျပေးဖို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက တင်ပြထားပါတယ်။ ကျန်းမာရေးထောက်ခံချက်ကို ရက်တိုးမြင့်ပေးဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထားတာပါ။ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ယာဉ်မောင်းများနဲ့ယာဉ်နောက်လိုက်တွေက ကိုဗစ်ရှိမရှိ ၃ရက်တစ်ကြိမ် စစ်ဆေးနေရတာပဲဖြစ်ပါတယ်။ ကုန်စည်တွေပို့ဆောင်ရာမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း ရောက်ရှိဖို့ အချိန်မီမောင်းရတဲ့အပြင် သုံးရက်တစ်ကြိမ် ပြန်လည်စစ်ဆေးရတာက အခက်အခဲဖြစ်နေတယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တွေကဆိုပါတယ်။ လက်ရှိသတ်မှတ်ထားတဲ့ သုံးရက်ဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတာဖြစ်ပြီး အဲ့ဒီ့သုံးရက်အတွင်းမှာလည်း ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့သွားလာနေထိုင်မှုအရ ကူးစက်သွားနိုင်တယ်လို့ မြဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ဒေါက်တာနန္ဒာဝင်းက ပြောပါတယ်။ ဒါပေမယ့် ကုန်စည်စီးဆင်းမှုတွေမပြတ်တောက်ဖို့အရေးကြီးတာကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေရဲ့စည်းကမ်းလိုက်နာမှု အပိုင်းကအရေးကြီးတယ်လို့ ဒေါက်တာနန္ဒာဝင်းက ပြောကြားခဲ့တာပါ။ သတင်း-မိုးညို Credit