
ကိုဗစ်ကာလ ၁၀ လတာအတွင်း လူမှုဖူလုံရေးကြေး ကျပ် ၆၅ဘီလီယံကျော် ထောက်ပံ့ထား ဇန်နဝါရီ - ၂၀ ၊၂၀၂၁ ပြည်တွင်းမှာ ကိုဗစ်ဒဏ်ခံစားခဲ့ရတဲ့ ၁၀ လတာ ကာလအတွင်း လူမှုဖူလုံရေးကြေးအဖြစ် အလုပ်သမားဦးရေ ၁သန်းကျော်ကို ကျပ် ၆၅ ဘီလီယံ ကျော် ထောက်ပံ့ပေးထားတယ်လို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီထောက်ပံမှုကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ ဒီနှစ် ဇန်နဝါရီလ အတွင်းထောက်ပံ့ပေးခဲ့တာလို့သိရပါတယ်။ လူမှုဖူလုံရေးကြေးကို ထုတ်ပေးရာမှာတော့ လူမှုဖူလုံရေး အဖွဲ့မှာ မှတ်ပုံတင်ထားတဲ့ စက်ရုံ ၊အလုပ်ရုံ ၊ ကုမ္ပဏီတွေ က ဝန်ထမ်းတွေရရှိတာပါ။ လူမှုဖူလုံရေး ကြေးထည့်သွင်း ထားတဲ့ အလုပ်သမားတွေကို အစိုးရ က ကိုဗစ်ကာလမှာ ပေးတာလည်းဖြစ်ပါတယ်။ လူမှုဖူလုံကြေး လျှောက်ထားရာမှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် အွန်လိုင်းကနေ လျှောက်ထားနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ကုမ္ပဏီနဲ့စက်ရုံ ၊ အလုပ်ရုံအရေအတွက်အများစုရှိရာရန်ကုန်မှာတော့ အလုပ်သမား ဦးရေ ရှစ်သိန်းကျော်လောက်အတွက် လူမှုဖူလုံရေးကြေးအဖြစ် ငွေကျပ် ခြောက်သန်းကျော်လျာထားတယ်လို့ သိရပါတယ်။ သတင်း-မိုးညို Credit