
မြန်မာနိုင်ငံအပူချိန်နဲ့ ကိုက်တဲ့ အိန္ဒိယ ဗိုင်းရပ်စ်ကာကွယ်ဆေး ~~~~~~~~~~ မြန်မာနိုင်ငံက အပူချိန်နဲ့ကိုက်တဲ့ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း၊ covid-19 ကပ်ရောဂါ ပထမလှိုင်းကို ထိန်းနိုင်လို့ ကမ္ဘာက ချီးကျုးရတဲ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာမှာ ၁၀ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်လာတဲ့ အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယကနေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိုးဆေး သန်း ၃၀ ဝယ်ယူဖို့မှာထားပြီး ဖေဖော်ဝါရီ လမကုန်ခင် ရောက်လာဖို့ ရှိပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင်နိုင်ငံတကာ AstraZeneca က ထုတ်လုပ်တဲ့ဆေးကို အိန္ဒိယက Covishield နံမည်နဲ့ ထုတ်လုပ်နေပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်ကြား သိုလှောင်ထားနိုင်တဲ့အတွက် မြန်မာနိုင်ငံအပူချိန်နဲ့ ကိုက်ညီတာမို့ ဒီဆေးကို ရွေးချယ်ရတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ကနဦး အမေရိကန် ဒေါ်လာ ၇၅ သန်းပေးချေဖို့ရှိပြီး ဒါဟာ စုစုပေါင်း ပေးချေရမယ့် ငွေထက်ဝက်ရှိပါတယ်။ ကမ္ဘာမှာ အမေရိကားပြီးရင် အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ထိုးဆေး ၆၀% ကို အိန္ဒိယက ထုတ်လုပ်တာပါ။ ကိုဗစ်-19 ကာကွယ်ဆေးဟာ သူ့နိုင်ငံတွင်း လုံလောက်ရုံမက ကမ္ဘာကိုပါ ဖြန့်ဖို့ရှိပါတယ်။ လောလောဆယ်မှာ Covishield နဲ့ Bharat Biotech က ထုတ်လုပ်တဲ့ဆေးနှစ်မျိုး သုံးခွင့်ရထားပြီး တချို့ဆေးကုမ္ပဏီတွေကလည်း စမ်းသပ်နေပါတယ်။ Covishield ကို SII- Serum Institute of India ကထုတ်လုပ်ပြီး တလကို ကာကွယ်ထိုးဆေး သန်း ၆၀ က ၇၀ ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ Bharat Biotech က တစ်နှစ်ကို ကာကွယ်ဆေး သန်း ၂၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး သန်း ၂၀ ပဲထုတ်လုပ်ရသေးတယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရပြီး ဘရာဇီးပြီးရင် တတိယမြောက် လူအများဆုံး ကွယ်လွန်ရတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မနေ့ ည၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၅၅၅ ယောက်ရှိပြီး စုစုပေါင်း တစ်သိန်းသုံးသောင်းကျော် ကူးစက်ခံရပါတယ်။ လူ ၂၀ မနေ့က ထပ်မံ သေဆုံးရပြီး မနေ့ကထိ စုစုပေါင်းလူ ၂၈၄၆ ယောက် သေဆုံးရပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ လူ တစ်သိန်းတစ်သောင်းကျော်က ဆေးရုံက ဆင်းခွင့်ရပါတယ်။ အမေရိကန် အရှေ့ခြမ်းစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကမ္ဘာတဝန်းမှာ covid-19 ကပ်ရောဂါကြောင့် လူတစ်သန်းကိုးသိန်းကျော် သေဆုံးရပြီး ၈၉ သန်းခွဲကျော် ကူးစက်ခံထားရတယ်လို့ Johns Hopkins တက္ကသိုလ်စာရင်းက ဖော်ပြပါတယ်။ အမေရိကန် ၂၂ သန်းကျော် ကူးစက်ခံထားရပြီး သုံးသိန်းခွဲကျော်သေဆုံးရတာမို့ ကမ္ဘာမှာ အများဆုံး ကူးလည်း ကူးစက်သေလည်း သေဆုံးရပါတယ်။ ၂၀၂၁ နှစ်သစ်ကူးလို့ ပထမ ၁၀ ရက်အတွင်း လူ၂၄၀၀၀ ကွယ်လွန်ရပါတယ်။ ဗီဇပြောင်းမျိုးကွဲသစ် စတင်တွေ့ရတဲ့ ဗြိတိန်ကတော့ ရုရှားပြီးရင် ကမ္ဘာ့ ၅ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ကပ်ရောဂါ ပထမလှိုင်း ကျရောက်ချိန်မှာ အလူးအလဲခံခဲ့ရတဲ့ အီတလီဟာ ၈ နိုင်ငံမြောက် အများဆုံး ကူးစက်ခံရပြီး မြန်မာစံတော်ချိန် မနေ့ည ၁၀ နာရီခွဲမှာ လူ ၃၆၀ ကျော်ထပ်မံသေဆုံး၊ လူ တစ်သောင်းရှစ်ထောင်ခွဲကျော် ထပ်မံကူးစက်ခံရပါတယ်။ တစ်ချိန်တည်းမှာပဲ ကပ်ရောဂါပထမလှိုင်းကျရောက်ချိန်က ကူးစက်နှူန်းထိန်းနိုင်တဲ့ ဂျာမနီဟာ ခုဆို ၁၀ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ မနေ့ကတင်လူ ၁၅၀ ကျော် ထပ်မံသေဆုံးရပြီး တစ်နေ့တည်း လူလေးထောင်ကျော် ထပ်မံကူးစက်ခံရပါတယ်။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြဝတီက ကက်စီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းတွေ ပြန်လာမယ့် အရေးကြောင့် နယ်စပ်က မဲဆောက်မြို့နယ်ကို တပ်လှန့်ထားပါတယ်။ - Unicode ~~~~~~~~~~~~~ မြန်မာနိုင်ငံအပူချိန်နဲ့ ကိုက်တဲ့ အိန္ဒိယ ဗိုင်းရပ်စ်ကာကွယ်ဆေး ~~~~~~~~~~ မြန်မာနိုင်ငံက အပူချိန်နဲ့ကိုက်တဲ့ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း၊ covid-19 ကပ်ရောဂါ ပထမလှိုင်းကို ထိန်းနိုင်လို့ ကမ္ဘာက ချီးကျုးရတဲ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာမှာ ၁၀ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်လာတဲ့ အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယကနေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိုးဆေး သန်း ၃၀ ဝယ်ယူဖို့မှာထားပြီး ဖေဖော်ဝါရီ လမကုန်ခင် ရောက်လာဖို့ ရှိပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင်နိုင်ငံတကာ AstraZeneca က ထုတ်လုပ်တဲ့ဆေးကို အိန္ဒိယက Covishield နံမည်နဲ့ ထုတ်လုပ်နေပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်ကြား သိုလှောင်ထားနိုင်တဲ့အတွက် မြန်မာနိုင်ငံအပူချိန်နဲ့ ကိုက်ညီတာမို့ ဒီဆေးကို ရွေးချယ်ရတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ကနဦး အမေရိကန် ဒေါ်လာ ၇၅ သန်းပေးချေဖို့ရှိပြီး ဒါဟာ စုစုပေါင်း ပေးချေရမယ့် ငွေထက်ဝက်ရှိပါတယ်။ ကမ္ဘာမှာ အမေရိကားပြီးရင် အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ထိုးဆေး ၆၀% ကို အိန္ဒိယက ထုတ်လုပ်တာပါ။ ကိုဗစ်-19 ကာကွယ်ဆေးဟာ သူ့နိုင်ငံတွင်း လုံလောက်ရုံမက ကမ္ဘာကိုပါ ဖြန့်ဖို့ရှိပါတယ်။ လောလောဆယ်မှာ Covishield နဲ့ Bharat Biotech က ထုတ်လုပ်တဲ့ဆေးနှစ်မျိုး သုံးခွင့်ရထားပြီး တချို့ဆေးကုမ္ပဏီတွေကလည်း စမ်းသပ်နေပါတယ်။ Covishield ကို SII- Serum Institute of India ကထုတ်လုပ်ပြီး တလကို ကာကွယ်ထိုးဆေး သန်း ၆၀ က ၇၀ ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ Bharat Biotech က တစ်နှစ်ကို ကာကွယ်ဆေး သန်း ၂၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး သန်း ၂၀ ပဲထုတ်လုပ်ရသေးတယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရပြီး ဘရာဇီးပြီးရင် တတိယမြောက် လူအများဆုံး ကွယ်လွန်ရတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မနေ့ ည၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၅၅၅ ယောက်ရှိပြီး စုစုပေါင်း တစ်သိန်းသုံးသောင်းကျော် ကူးစက်ခံရပါတယ်။ လူ ၂၀ မနေ့က ထပ်မံ သေဆုံးရပြီး မနေ့ကထိ စုစုပေါင်းလူ ၂၈၄၆ ယောက် သေဆုံးရပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ လူ တစ်သိန်းတစ်သောင်းကျော်က ဆေးရုံက ဆင်းခွင့်ရပါတယ်။ အမေရိကန် အရှေ့ခြမ်းစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကမ္ဘာတဝန်းမှာ covid-19 ကပ်ရောဂါကြောင့် လူတစ်သန်းကိုးသိန်းကျော် သေဆုံးရပြီး ၈၉ သန်းခွဲကျော် ကူးစက်ခံထားရတယ်လို့ Johns Hopkins တက္ကသိုလ်စာရင်းက ဖော်ပြပါတယ်။ အမေရိကန် ၂၂ သန်းကျော် ကူးစက်ခံထားရပြီး သုံးသိန်းခွဲကျော်သေဆုံးရတာမို့ ကမ္ဘာမှာ အများဆုံး ကူးလည်း ကူးစက်သေလည်း သေဆုံးရပါတယ်။ ၂၀၂၁ နှစ်သစ်ကူးလို့ ပထမ ၁၀ ရက်အတွင်း လူ၂၄၀၀၀ ကွယ်လွန်ရပါတယ်။ ဗီဇပြောင်းမျိုးကွဲသစ် စတင်တွေ့ရတဲ့ ဗြိတိန်ကတော့ ရုရှားပြီးရင် ကမ္ဘာ့ ၅ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ကပ်ရောဂါ ပထမလှိုင်း ကျရောက်ချိန်မှာ အလူးအလဲခံခဲ့ရတဲ့ အီတလီဟာ ၈ နိုင်ငံမြောက် အများဆုံး ကူးစက်ခံရပြီး မြန်မာစံတော်ချိန် မနေ့ည ၁၀ နာရီခွဲမှာ လူ ၃၆၀ ကျော်ထပ်မံသေဆုံး၊ လူ တစ်သောင်းရှစ်ထောင်ခွဲကျော် ထပ်မံကူးစက်ခံရပါတယ်။ တစ်ချိန်တည်းမှာပဲ ကပ်ရောဂါပထမလှိုင်းကျရောက်ချိန်က ကူးစက်နှူန်းထိန်းနိုင်တဲ့ ဂျာမနီဟာ ခုဆို ၁၀ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ မနေ့ကတင်လူ ၁၅၀ ကျော် ထပ်မံသေဆုံးရပြီး တစ်နေ့တည်း လူလေးထောင်ကျော် ထပ်မံကူးစက်ခံရပါတယ်။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြဝတီက ကက်စီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းတွေ ပြန်လာမယ့် အရေးကြောင့် နယ်စပ်က မဲဆောက်မြို့နယ်ကို တပ်လှန့်ထားပါတယ်။ - Zawgyi ~~~~~~~~~~~~~ Credit: RFA Burmese