No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ခေတ်မီအဆင့်မြင့် Wet Market ဖွင့်လှစ် ==================== ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Star City အိမ်ရာဝန်းအတွင်း မြန်မာနိုင်ငံ၌ ပထမဦးဆုံး Wet Market ဖြစ်လာမည့် သား၊ငါး၊ကုန်စိမ်း၊ကုန်ခြောက်ဈေးရုံကြီး နှင့် Food Court (စားသောက်ဆိုင်တန်း) များတွဲလျက် ပါဝင်ဆောက်လုပ်ထားသော ခေတ်မီအဆင့်မြင့် ''the Hangar'' ဈေးရုံသစ် ကို ဇန်နဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ The Hangar ဈေးရုံကြီးကို YOMA Group မှ Executive Chairman ဦးသိမ်းဝေနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကြည်တင် နှင့်ဈေးရုံကြီး တာဝန်ခံဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးဒေါ်နီလာကျော်တက်ရောက်ခဲ့ပါသည်။ အဆိုပါ Wet Market (သား၊ငါး၊ကုန်စိမ်း၊ကုန်ခြောက် ဈေးရုံကြီး) အား နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအထိ လည်းကောင်း၊ စားသောက်ဆိုင် (Food Court)များ အား နံနက် ၆ နာရီမှည ၉ နာရီ အထိလည်းကောင်း နေ့စဉ်ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဈေးရုံသစ်အနီး၌ Bus Terminal အား ဆောက်လုပ်ဆောင်ရွက်ထားရာ ခေတ်မီအဆင့်မြင့် ''the Hangar'' ဈေးရုံသစ် သို့ လာရောက်ကြသော ပြည်သူများ အဆင်ပြေလွယ်ကူကြစေရေးအတွက် အများသုံး Bus များအား ရန်ကုန်မြို့တွင်းနှင့်ချိတ်ဆက်၍ ပြေးဆွဲပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဈေးရုံသစ် တည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။ အောင်ဌေးလှိုင် မြန်မာတိုင်းမ် Crd