
ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (၁၈ ပတ်အစီအစဉ်) (၂၄-၁-၂၀၂၁) ဤအစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းတင်ဆက်သွားမည်ဖြစ်ပါသည်။ အစီအစဉ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ် လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာ ရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင် မှတစ်ဆင့် ပြန်လည်ဖြေကြား ပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌ - ဤပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊ - covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေး မြန်း နိုင်ပါသည်။ ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်း ဆုံး (၁) ရက် ကြိုတင်၍နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါသည်။ အစီအစဉ်အား အပတ်စဉ် အင်္ဂါနေ့များတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာများမှတစ်ဆင့်ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ပါသည်- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Crd