အရေးယူပိတ်ဆို့မှုတခုတည်းဖြင့် နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဟု ဥရောပပါလီမန် ဆို . အရေးယူပိတ်ဆို့မှုတခုတည်းဖြင့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုသည် ဥရောပသမဂ္ဂ၏ထောက်ခံမှုကို လိုအပ်နေကြောင်း၊ ခြိမ်းခြောက်ခံ နေရသူများသည် ဥပရော၏ အကာအကွယ်ပေးမှုကို လိုအပ်ကြောင်း ဥရောပပါလီမန် ကထုတ်ပြန် ထားသည်။ . တဆက်တည်းတွင် ပစ်မှတ်ထားအရေယူးပိတ်ဆို့မှုများထပ်မံဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊ စစ်တပ် နှင့်၎င်း၏စီးပွားရေးလုပ်ငန်းများသည် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်သွယ်စီးဆင်းမှုအဝင် အထွက်များမှ အကျိုးအမြတ်မရှိသင့်ကြောင်း၊ အရေးယူမှုများသည် ပြည်သူများအပေါ်သက်ရောက်မှု မရှိရန်လိုအပ်ကြောင် ဆက်လက်ဖော်ပြထားသည်။ . ဆက်လက်ပြီး CDM လှုပ်ရှားမှုသည် ပြည်သူအားလုံးအတွက် လွတ်လပ်မှုနှင့်တရားမျှတမှုကို တောင်း ဆိုလျက်ရှိကြောင်း၊ ဝန်ထမ်းများ၏ကိုယ်ကျိုးစွန့်နှင့်ရဲရင့်မှုသည် အင်မတန်အားရကျေနပ်ဖွယ်ရှိ ကြောင်း၊ ၎င်းလှုပ်ရှားမှုတွင် အရပ်ဖက်အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတရပ်အတွက် အဓိကကျသောနေရာတွင် ခံနိုင်ရည်ရှိရှိ ပါဝင်မှုအပေါ် ဥရောပပါလီမန်မှ အပြည့်အဝထောက်ခံကြောင်း ရေးသားထားသည်။ . ထို့ပြင် ဥရောပပါလီမန်အနေဖြင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းမဖက်သောနည်းကို အစဉ်တစိုက်ကိုင်တွယ်ထားသော CRPH ကို ဆက်လက်ထောက်ခံ ကြောင်းနှင့် အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟု ထပ်မံဖော်ပြထားသည်။ . ထို့နောက် CRPH သည် လူမှုကွန်ရက်စနစ်များမှတဆင့် ပြည်သူများနှင့်ဆက်သွယ်နေသည်ကို အကြောင်းပြ၍ အင်တာနက် ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းကိုကန့်ကွက်သည်ဟု ဖော်ပြထားသည်။ . သတင်း : Kyaw Kyaw Oo (Mass Comm.) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit:
