
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဦးစားပေးအုပ်စုထဲမှာ ပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေကို ဇန်နဝါရီ၂၃ရက်နေ့က စတင်ပြီး စာရင်းကောက်ခံနေပြီဖြစ်တယ်လို့ ကိုဗစ် ကုသ၊ ကာကွယ်ရေးမှာ စေတနာ့ ဝန်ထမ်းပါဝင်နေသူတွေက ပြောပါတယ်။ "၂၃ရက်ဇန်နဝါရီလက လာကောက်သွားပါပြီ။ စာရင်းပေးလိုက်ပါပြီ " လို့ ဒဂုံအရှေ့ပိုင်းမြို့နယ် စေတနာရှင် ပရဟိတ အသင်းက ကိုဖြိုး က ပြောပါတယ်။ စေတနာ့ဝန်ထမ်းစာရင်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနေတာ ဖြစ်ပြီ းကာကွယ်ဆေးထိုးနှံပေးရမည့် ပြည်သူတွေရဲ့ အမည်စာရင်းအပြည့်အစုံကိုတော့ မြို့နယ်တွေရဲ့ လူဦးရေထူထပ်သိပ်သည်းမှု အပေါ် မူတည်ပြီး ဦးစားပေး အဆင့်ခွဲခြား သတ်မှတ်ကာ ဇန်နဝါရီ လကုန်ပိုင်းထက် နောက်မကျဘဲ အဆိုပါစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများနဲ့ စိစစ်ညှိ နှိုင်းရွေးချယ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဆင့် ဗဟိုကော်မတီ က ၂၂ ရက် ဇန်နဝါရီရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA Crd