No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အစိုးရ အထောက်အပံ့မရလို့ စစ်တွေမြို့ပေါ် ဒုက္ခသည်စခန်းမှာအခက်ကြုံ ~~~~~~ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာရှိတဲ့ ဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လပ်နေတာ တစ်လကျော်အထိရှိနေပြီဖြစ်တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပြီလို့ စစ်ဘေးဒုက္ခသည်တွေက RFA ကိုဒီကနေ့ ပြောပါတယ်။ အစိုးရဆီကလည်း ထောက်ပံ့ပေးမှုမရတော့သလို အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လာရောက်ထောက်ပံ့တာမရှိသေးတဲ့အတွက် အခက်အခဲတွေဖြစ်နေတာလို့ စစ်ဘေးဒုက္ခသည် ဦးမောင်စောသိန်းကပြောပါတယ်။ အဲဒီဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် အနီးတဝိုက်ရွာတွေက ဒုက္ခသည်တွေနဲ့ ချင်းပြည်နယ် ပလက်ဝကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ စုစုပေါင်း (၂၀၀) ကျော် ရှိပါတယ်။ အခုလက်ရှိတော့ အဲဒီဒုက္ခသည်တွေဟာ လက်ကျန်ရိက္ခာတွေကိုတစ်ယောက်နဲ့တစ်ယောက် မျှဝေစားသောက်နေကြရတယ်လို့လည်း ဒုက္ခသည် ဦးမောင်သိန်းကပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တစ်ယောက်ဆီကို တစ်ရက် ဆန်နှစ်ဗူးနှုန်း ထောက်ပံ့ပေးထားတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက မနေ့က ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဥဿလင်းကျောင်းစစ်ဘေးဒုက္ခသည်စခန်းကိုတော့ အစိုးရကနေထောက်ပံ့တာ (၂၀၂၀) ပြည့်နှစ်အတွင်း နှစ်ကြိမ်ပဲရှိခဲ့တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ (unicode) ~~~~~~~~ အစိုးရ အထောက်အပံ့မရလို့ စစ်တွေမြို့ပေါ် ဒုက္ခသည်စခန်းမှာအခက်ကြုံ ~~~~~~ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာရှိတဲ့ ဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လပ်နေတာ တစ်လကျော်အထိရှိနေပြီဖြစ်တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပြီလို့ စစ်ဘေးဒုက္ခသည်တွေက RFA ကိုဒီကနေ့ ပြောပါတယ်။ အစိုးရဆီကလည်း ထောက်ပံ့ပေးမှုမရတော့သလို အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လာရောက်ထောက်ပံ့တာမရှိသေးတဲ့အတွက် အခက်အခဲတွေဖြစ်နေတာလို့ စစ်ဘေးဒုက္ခသည် ဦးမောင်စောသိန်းကပြောပါတယ်။ အဲဒီဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် အနီးတဝိုက်ရွာတွေက ဒုက္ခသည်တွေနဲ့ ချင်းပြည်နယ် ပလက်ဝကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ စုစုပေါင်း (၂၀၀) ကျော် ရှိပါတယ်။ အခုလက်ရှိတော့ အဲဒီဒုက္ခသည်တွေဟာ လက်ကျန်ရိက္ခာတွေကိုတစ်ယောက်နဲ့တစ်ယောက် မျှဝေစားသောက်နေကြရတယ်လို့လည်း ဒုက္ခသည် ဦးမောင်သိန်းကပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တစ်ယောက်ဆီကို တစ်ရက် ဆန်နှစ်ဗူးနှုန်း ထောက်ပံ့ပေးထားတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက မနေ့က ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဥဿလင်းကျောင်းစစ်ဘေးဒုက္ခသည်စခန်းကိုတော့ အစိုးရကနေထောက်ပံ့တာ (၂၀၂၀) ပြည့်နှစ်အတွင်း နှစ်ကြိမ်ပဲရှိခဲ့တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ (zawgyi) ~~~~~~~~ Photo- Ni Min Tun/RFA