
မြင်းခြံ Zero ပျောက်ကြားတပ်ဖွဲ့ လက်စွမ်းပြ၊ စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးသေဆုံး (၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်။) မန္တလေးတိုင်း၊ မြင်းခြံမြို့အထက (၃) ကျောင်းတွင် တပ်စွဲထားသည့် တပ်မှ တပ်သား နှစ်ဦး ယနေ့ နံနက် ၉ နာရီခန့်က အရပ်ဝတ်ဖြင်ါ ဆိုင်ကယ်စီး၍ အပြင်ထွက်လာရာတွင် အပစ်ခံရ၍ တစ်ဦးသေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦး မြို့သစ် (၁) လမ်းကို သွားရာလမ်းမပေါ်အရောက်တွင် မြင်းခြံ Zero ပျောက်ကြားတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ “သေတဲ့သူက ဗိုလ်လို့ သိရတယ်၊ ရင်ခွဲရုံ ရောက်သွားတာတော့ သေချာတယ်။ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ နောက်တစ်ချက်ပစ်တာကို ကျည်မထွက်လိုက်လို့ သက်သာသွားတယ်” ဟု ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်က ပြေသည်ဟု မဇ္ဈိမ သတင်းတွင်ဖော်ပြသည်။ အပစ်ခံရ၍ သေသွားတဲ့လူရဲ့ ခါးကြားမှာ သေနတ်အတို တစ်လက်ပါပြီး၊ ထွက်ပြေးလွတ်မြောက်သွားသူထံတွင် သေနတ်အရှည်တစ်လက်ပါသည်ဟု ဒေသခံတစ်ဦးက ဧရာဝတီ သတင်းဌာနသို့ ပြောကြားသည်။ ၎င်းတို့ နှစ်ဦးမှာ အရပ်ဝတ်ဖြင့် ကငါးလှည့်နေခြင်းဖြစ်ပြီး သေနတ်အရှည်ပါသော စစ်ကောင်စီတပ်သားမှ ပြန်လည်ခုခံ တိုက်ခိုက်ခြင်း မပြုလုပ်ပဲ ကြောက်လန့်တကြားထွက်ပြေးသွားသည်ဟု သိရသည်။ မေလမှ စတင်ကာ မြင်းခြံမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်နေပြီး ဒေသခံ များက သတင်းပေး ဒလန်ဟု ယူဆသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရှိမှုများ ရှိလာသည်။ မြင်းခြံ Zero ပျောက်ကြားတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်သား ခြောက်ယောက်နှင့် ရဲနှစ်ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ပစ်ခတ်မှုဖြစ်ပြီး မြင်းခြံမြို့ပေါ်တွင် တိတ်ဆိတ်နေပြီး စစ်ကောင်စီတပ်များက လိုက်လံရှာဖွေမှုများလုပ်နေသည်ဟုလည်း သိရသည်။ Media 9 source - Mizzima ၊ The Irrawaddy Burmese Edition Credit: