
ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆို ~~~~~ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှုမရှိလို့ ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုသူတွေထဲ လူအင်အား ၅၀ ကျော်နဲ့ သံဃာတော် အပါး ၃၀ လောက် ပါဝင်ပါတယ်။ ရဲအင်အား ၅၀ လောက်လည်း လုံခြုံရေး ရယူခဲ့ရပါတယ်။ ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုကွန်းဖရန့် (စ်) နဲ့ ချုပ်ရက် ရမန်ယူခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ သူ့ကို ဖမ်းဆီးလိုက်ပြီးနောက် တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးတာမရှိသေးဘူးလို့ အမျိုးသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း-အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ - Unicode ~~~~~~~~~~~~~~ ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆို ~~~~~ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှုမရှိလို့ ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုသူတွေထဲ လူအင်အား ၅၀ ကျော်နဲ့ သံဃာတော် အပါး ၃၀ လောက် ပါဝင်ပါတယ်။ ရဲအင်အား ၅၀ လောက်လည်း လုံခြုံရေး ရယူခဲ့ရပါတယ်။ ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုကွန်းဖရန့် (စ်) နဲ့ ချုပ်ရက် ရမန်ယူခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ သူ့ကို ဖမ်းဆီးလိုက်ပြီးနောက် တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးတာမရှိသေးဘူးလို့ အမျိုးသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း-အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ - Zawgyi ~~~~~~~~~~~~~~ Photo - Aung Thein Kha/ RFA Credit:RFA