
ရပ်နေပြည်သူများတုန်လှုပ် ရွှေ့ပြောင်းလုပ်သား ၂၀ ဦး အခြားနေရာက ထွက်ပြေးလာတယ်ဟု သိရှိပြီနောက် ရဲစခန်းကိုဆက်သွယ်အကူညီတောင်းခံ . ဇန်နဝါရီလ ၂၂ ရက်နေ့ ၁ နာရီအချိန် ဘန်ဘင်ရဲစခန်းက ရဲအရာရှိများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မှူးအပါဝင် မူ ၃ ဘန်ဘင်ကျေးရွာအုပ်စု ဘန်ဘင်မြို့နယ် ချွန်ဘူရီခရိုင် ရွှေ့ပြောင်းလုပ်သား ၂၀ ဦးထက်မနည်းတွေ့ရှိကြောင်း သတင်းပေးပို့လာတဲ့နေရာကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ . ကနဦးစစ်ဆေးသိရှိရာမှာတော့ ၎င်းတို့ ၂၀ ဦးမှာ ဘော်ဝင် ကျေးရွာအုပ်စု၊ စီရာချာမြို့နယ် ချွန်ဘူရီခရိုင်က လာကြသူ တွေဖြစ်ကြောင်း ပြောပါတယ်။ နယ်မြေခံများဆင်းသွားချိန် ၈ ဦးလောက်ပဲကျန်ပါတယ်။ လုပ်သား ၁၂ ဦးကအလုပ်လုပ် ရန်လာခေါ်သွားပြီဟု ပြောပါတယ်။ ရွှေ့ပြောင်းလုပ်သား ၈ ဦး မှာတော့ ၂ ဦးက ပတ်စပို့ကိုင်ထားသူတွေပါ။ ကျန် ၆ ဦးက အထောက်အထားမရှိကြောင်း သိရပါတယ်။ . မြို့နယ်မှူးက ကျနော်တို့ရောက်လာတော့ ရွှေ့ပြောင်းလုပ်သား ၈ ဦးကိုတွေ့ပြီးစစ်ဆေးခဲ့ပါတယ်။ ၁၂ ဦးကတော့ လာခေါ်သွား ပါပြီ။ ဘယ်လို့ပဲဖြစ်ပါစေ သူတို့တွေအားလုံးကို ကိုဗစ်၁၉ စစ် ဆေးရမယ်။ ပြီးတော့ လာပစ်ထားတဲ့ ကားသမားကိုလဲ ရှာဖွေ ပြီးအရေးယူရမယ်ဟု ပြောပါတယ်။ . မှတ်ချက်-ဘယ်သူဘယ်ဝါ ဘယ်နိုင်ငံသားမဖော်ပြထားပါ။ . အချက်အလက်-Ch7HD News သတင်း ကိုချစ် (ဇွဲကပင်မြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit -------------------------------------------- Credit: