
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာ တနှစ်ရှိလာချိန်မှာ ဒီရောဂါပိုး ကူးစက်ခံရသူက သန်း ၁၀၀ နီးပါး ရှိနေပါပြီ။ ဒီရောဂါကို စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ်စစ်တမ်းအရ စနေနေ့မှာ ဒီရောဂါကူးစက်ခံရသူ ၉၈ သန်းကျော်ရှိပြီး သေဆုံးရသူက ၂ သန်းကျော် ရှိနေပါတယ်။ COVID-19 ကူးစက်မှု တကျော့ပြန် ခံစားနေရတဲ့ အီးယူ ဥရောပသမဂ္ဂမှာတော့ ကာကွယ်ဆေးအတွက် ခေါင်းခဲနေကြရပါတယ်။ . အီးယူအဖွဲ့ဝင်နိုင်ငံတွေအတွက် ကာကွယ်ဆေး ထိုးနှံပေးနေစဉ်မှာပဲ Pfizer and BioNTech တို့က သူတို့ရဲ့ကာကွယ်ဆေးကို ယာယီအားဖြင့် လုံလုံလောက်လောက် ထုတ်ပေးနိုင်မှာ မဟုတ်သေးဘူးလို့ ကြေညာခဲ့တာကြောင့် ဘယ်လ်ဂျီယံက ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံကနေ အကူအညီတွေ ရယူဖို့ လုပ်ခဲ့ရတာပါ။ . ဒီအချိန်မှာပဲ နောက် COVID-19 ကာကွယ်ဆေးထုတ်တဲ့ AstraZeneca က သူတို့ အီးယူကို တင်ပို့ပေးဖို့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ပေးနိုင်တော့မှာ မဟုတ်ကြောင်း သောကြာနေ့ကပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဥရောပဒေသတွင်း ဆေးထုတ်တဲ့နေရာတွေက ဆေးထုတ်နိုင်တဲ့ ပမာဏ လျော့နည်းနေတာကြောင့် တင်ပို့ပေးရာမှာ မူလခန့်မှန်းထားတဲ့ ပမာဏထက် ပိုနည်းမှာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြမထားပါဘူး။ . တချိန်တည်းမှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အခုအချိန်မှာ ဒီကပ်ရောဂါက နိုင်နေပေမယ့် ကာကွယ်ဆေးတွေ ရလာတာနဲ့ မကြာခင် ပူနွေးလာတော့မယ့် ရာသီဥတုကြောင့် သက်သာရာရနိုင်မှာဖြစ်ကြောင်း အားပေးစကား ပြောခဲ့ပါတယ်။ . ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇ သိန်းနီးပါးရှိပြီး လူပေါင်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ နိုဝင်ဘာလကစပြီး တစိတ်တပိုင်း Lockdown ချ ကန့်သတ်မှုတွေကြောင့် အခြေနေ နည်းနည်းကောင်းလာတာ တွေ့ရတယ်လို့ ဂျာမနီ ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။ ကိုကား=VOA Burmese News photo=theconversation #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Crd