No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ပုသိမ်မြို့တွင် ဖမ်းဆီးမှုများရှိသော်လည်း လူသောင်းနှင့်ချီဆန္ဒပြ" ပုသိမ်မြို့တွင် ဖိအားပေးခြိမ်းခြောက် ဖမ်းဆီးမှုများရှိသော်လည်း ယနေ့တွင် လူဦးရေ သောင်းနှင့်ချီကာဆန္ဒပြခဲ့ပြီး သပိတ်စစ်ကြောင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘန့်ဘွေးကုန်းရပ်တွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင် ဆိုင်ကယ်စီးလာသူ ဇနီးမောင်နှံကို ပုသိမ်မြို့ရွှေစည်းခုံဘုရားအနီးတွင် အဓမ္မဖမ်းဆီး သွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ ယနေ့တွင် သပိတ်စစ်ကြောင်းအား ပုသိမ်မြို့ရှိ ရပ်ကွက်များအတွင်းတွင် လှည်လည်ခဲ့သည်။ မင်းကြီးလမ်းသို့ရောက်သည့်အခါတွင် ရဲတပ်ဖွဲ့၏ နှစ်ဖက်ပိတ်ဆို့ဝန်းရံခြင်းကို ခံခဲ့ရပြီး ပတ်ဝန်းကျင်နေအိမ်များမှ ဆန္ဒပြသူများ ဝင်ရောက်မလာစေရန် တံခါးများပိတ်ထားသည်ကို ကြုံတွေ့ရကြောင်း ဆန္ဒပြသူများထံမှသိရသည် ။ ဓာတ်ပုံ - 7Day News Credit: