No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၂၀၂၀ရွေးကောက်ပွဲကိုကန့်ကွက်နေချိန်၊ တစ်ဖက်မှာလည်း အစိုးရသစ်ကိုထောက်ခံကြောင်းလှုပ်ရှားမှုများပြုလုပ် ------------------------- NLD အစိုးရသစ်လွှတ်တော်ခေါ်ယူခြင်းနဲ့အစိုးရသစ်ကို ထောက်ခံအားပေးကြောင်းလှုပ်ရှားမှုတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်၊ ရပ်ကွက်အချို့မှာပြုလုပ်လာကြတာကိုမြင်တွေ့ရပါတယ်။ နေအိမ်၊တိုက်ခန်းတွေမှာ NLD အစိုးရကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ NLD ပါတီအမှတ်တံဆိပ်ပါအလံတွေလွှင့်ထူထားသလို လူစည်ကားရာလမ်းဆုံတွေမှာလည်း "ပြည်ထောင်စုလွှတ်တော်နဲ့အစိုးရသစ်ကိုထောက်ခံကြိုဆိုပါကြောင်း"စာတန်းပါ ဗီနိုင်းတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ဗီနိုင်းတွေကို ချိတ်ဆွဲထောက်ခံမှုတွေပြုလုပ်နေကြတာပါ။ အစိုးရသစ်ထောက်ခံမှုတွေကို ဇန်နဝါရီ၂၄ရက်နေ့ကစတင်ပြီး စီတန်းလှည့်လည်တာ၊ ကားစတစ်ကာကမ်ပိန်းပြုလုပ်တာ၊ နေအိမ်တွေမှာ အလံလွှင့်ထူတာအစရှိတဲ့လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးအစရှိတဲ့မြို့တွေမှာစတင်လုပ်ဆောင်လာနေတာကိုမြင်တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတရွေးချယ်ဖို့နဲ့အစိုးရသစ်ဖွဲ့စည်းဖို့အချိန်နီးကပ်လာချိန်မှာ ၂၀၂၀ရွေးကောက်ပွဲအပေါ်ကန့်ကွက်မှုတွေအရှိန်မြှင့်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်းပြည်သူအချို့က အစိုးရသစ်ထောက်ခံကြောင်းလှုပ်ရှားမှုတွေကို တန်ပြန်လုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။ (ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ဖို့မြေလမ်းမှာ NLD အစိုးရသစ်ကိုထောက်ခံကြောင်းပြသနေစဉ်။) ဓာတ်ပုံ- သားကြီး Crd