No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယနေ့ဟာ ကမ္ဘာမှာကိုဗစ်ကူးစက်မှု သန်း () ပြည့်တဲ့နေ့ပါ မနေ့ညမအိပ်ခင်ကဝင်ကြည့်ချိန်မှာ (၉၉) သန်းကျော်ရှိနေပြီး ဒီမနက်နိုးတော့ သန်း (၁၀၀) ကျော်သွားတာတွေ့ပါတယ်။လူပေါင်း (၇၂) သန်းကျော်ပြန်နေကောင်းလာပြီး၊ (၂) သန်းကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အခုထိနေ့စဉ်အများဆုံးကူးစက်မှုက ဇန်နဝါရီလ (၈) ရက်နေ့ကဖြစ်ခဲ့ပြီး တစ်ရက်တည်း လူပေါင်း (၈၄၂၈၈၅) ယောက်ကူးစက်ခဲ့ပါတယ်။ အမေရိကန်ဟာအခုထိအကူးစက်ဆုံးဖြစ်ခဲ့ပြီး လူပေါင်း (၂၆) သန်းနီးပါးကူးစက်ခဲ့ပါတယ်။ ဝူဟန်လော့ဒေါင်း တစ်နှစ်ပြည့်အချိန်မှာ တရုတ်ပြည်ဟာ ကူးစက်မှုအများဆုံး နံပါတ် (၁) ကနေ (၈၃) နိုင်ငံမြောက်ဖြစ်သွားခဲ့ပါတယ်။ မြန်မာပြည်ကတော့ နံပါတ် (၇၁) မှာရှိနေပါတယ်။ ယနေ့အထိမြန်မာပြည်မှာ (၁၃၇၉၅၇) ယောက်ကူးစက်ခဲ့ပြီး (၃၀၆၉) ယောက်သေဆုံးခဲ့ပါတယ်။ ထူးဆန်းလွန်းတဲ့အချက်က လာအိုနိုင်ငံက (၄၄) ပဲကူးစက်တယ်လို့ စာရင်းတွေ့ရခြင်းပါ။ ဘယ်လိုမှယုံနိုင်ဖွယ်မရှိပါ။ ဗီယက်နမ်ကလည်း (၁၅၄၉) ယောက်ပဲရှိတယ်လို့ စာရင်းတွေ့ရပါတယ်။ ဗီယက်နမ်မှာတော့ အတော်လေးစည်းကမ်းတင်းကျပ်ခဲ့တယ်လို့ ကြားဖူးပါတယ်။ အားလုံးသိရအောင်တင်ပြတာဖြစ်ပြီး ကိုဗစ်ကပ်ကြီးပြီးဆုံးချိန်မှာ ဘယ်လောက်အထိကူးစက်မယ်ဆိုတာမသိရသေးပါ။ လက်လုပ်လက်စားတွေကိုအတော်ဒုက္ခရောက်စေတဲ့ကပ်ကြီးပါ။ အသိတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ ၂ လလောက်က ကျနော့်ကိုပြောရာမှာ ကာကွယ်ဆေးကိုငွေပေးပြီးထိုးချင်ကြောင်း၊ ပြီးမှအလုပ်ကြိုးစားပြီးပြန်ဆပ်မယ် " အခုလို အလုပ်လက်မဲ့ဖြစ်နေတဲ့ဒဏ်ကိုမခံနိုင်တော့ဘူးအကိုရာ" လို့ပြောတာတွေ့ရပါတယ်။ ကာကွယ်ဆေးနဲ့ ပြည်သူတွေစည်းကမ်းလိုက်နာခြင်းတို့ဖြင့် ဒီကပ်ကြီးကိုအမြန်အဆုံးသတ်ဖို့လိုနေပါပြီ။ ရေးသားသူ-Richard Myo Thant 26-January -2021 Crd