
ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ခိုင်သင်းကြည် သိန်း ၂၀၀ လှူဒါန်း ဇန်နဝါရီ - ၁၂၊၂၀၂၁ Covid -19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ဆေးဝယ်ယူနိုင်ဖို့ ခိုင်သင်းကြည်မိသားစုက ကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးအလှူအဖြစ် သူ့ရဲ့မိဘနှစ်ပါးက ကျပ်သိန်း ၁၀၀၊ မိသားစုကနေ ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တာဖြစ်တယ်လို့ အကယ်ဒမီ ခိုင်သင်းကြည်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရေးသားဖော်ပြထားပါတယ်။ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကနေ Covid-19 ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။ ဆပ်ကော်မတီကနေ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်မှာ ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်းအသိပေးကြေညာထားပါတယ်။ Credit: 7Day