
နေပြည်တော် သားဖွားသင်တန်း ကျောင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးနှံခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ကာကွယ်ဆေးထိုးနှံမှုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကာကွယ်ဆေးရပြီဆိုပြီး ပြည်သူတွေပေါ့ဆသွားမှာစိုးရိမ်တဲ့အကြောင်းနဲ့ ကာကွယ်ဆေးက ပြည်ပက တင်သွင်းရတာဖြစ်လို့ လိုသလောက်ဝယ်လို့ရမှာ မဟုတ်လို့ သတိထားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးစတင်ထိုးနှံတာဖြစ်ပါတယ်။ ဓာတ်ပုံ- အတိုင်ပင်ခံရုံး Crd