
ရေတွင်းထဲပြုတ်ကျသွားသော ကြောင်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ ၂၇.၁.၂၀၂၁ ရက်နေ့၊ ၀၉ ၄၆ အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ မင်းလမ်း၊ (၂၅)ပေ အနက်ခန့်ရေတွင်းအတွင်း ကြောင်(၁)ကောင် ပြုတ်ကျနေကြောင်း သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ကြောင်အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပါသည်။ source-MFSD #WeMedia Crd