No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုဂံအာနန္ဒာဘုရား ၉၃၀ ကြိမ်မြောက် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ ပုဂံ အာနန္ဒာဘုရား ၉၃၀ ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းက အကျဉ်းချုံးပြီး ကျင်းပခဲ့တယ်လို့သိရပါတယ်။ ဗုဒ္ဓပူဇနိယဘုရားပွဲတော်မှာ ဆွမ်းသပိတ်လုံးလောင်းလှူခြင်းကို ပင့်သံဃာ(၂၃၀) ပါးကို တစ်ပါးလျှင် ဆွမ်းသပိတ်လုံး (၉) လုံးစီဖြင့် စုစုပေါင်းဆွမ်းသပိတ်လုံး(၂၀၇၀) လောင်းလှူခဲ့ကြတယ်လို့သိရပါတယ်။ ကိုဗစ်မဖြစ်ခင်က အာနန္ဒာဘုရားပွဲတော်ကိုနှစ်စဉ် ပြာသို လဆန်း ၈ရက် ကနေ ပြာသိုလကွယ်နေ့ထိ ကျင်းပကြတာဖြစ်ပေမယ့် ခုနှစ်မှာတော့ကိုဗစ်ကြောင့် ဘုရားပွဲတော်ကို အကျဉ်းချုံးပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြာသိုလပြည့်နေ့တိုင်းမှာ ဒေသခံပြည်သူတွေဟာ ဆွမ်းသပိတ်လုံး လောင်းလှူကြတာဖြစ်ပြီးဆွမ်းသပိတ်လုံးထဲမှာတော့ အမွှေးတိုင်၊ ဖယောင်းတိုင် ၊ဆန်၊ဆီ စတဲ့ လှူဖွယ်ပစ္စည်း တွေအပါအဝင်၊ ၎င်းတို့ရဲ့ ခြံထွက် သီးနှံ ၊ပဲ၊ နှမ်း စတဲ့ လှူဖွယ် ပစ္စည်းတွေကိုထည့်ပြီး သံဃာတော်တွေထံ ဆွမ်းသပိတ်လုံးလောင်းလှူကြတာဖြစ်တယ်လို့သိရပါတယ်။ ဓာတ်ပုံ - KMW ebike