No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နှစ်နှစ်ကြာကာလအတွင်း တပ်နဲ့ AA တိုက်ပွဲကြားမှာ အရပ်သား၁၈၃ ဦး သေဆုံး ဇန်နဝါရီ-၁၂၊ ၂၀၂၁ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ကြားတိုက်ပွဲတွေမှာအရပ်သား ၁၈၃ ဦးသေဆုံးခဲ့ပြီးတော့ ၆၅၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။ ဒီအရေအတွက်ဟာ တပ်မတော်နှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ်ဆန်းပိုင်းကစပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလထိ စာရင်းဖြစ်ပါတယ်။ ဒီထဲမှာ ဘယ်အဖွဲ့က ပစ်ခတ်မှန်းမသိရဘဲနဲ့့ သေဆုံးသူကတော့ အရပ်သား ၃၆ ဦး ရှိပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆိုပါတယ်။ မိုင်းထိမှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့ပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ပထမနေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၅ နှစ်တာကာလအတွင်း ဆောင်ရွက်မှုအခြေနေကို လွှတ်တော်သို့ တင်ပြရာမှာ ဝန်ကြီးချုပ် ဦးညီပု ကပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတာဟာ နှစ်လကျော်ရှိနေပြီဆိုပေမယ့် မိုင်းထိမှန်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါတယ်။ သတင်း-မောင်ကံ