
မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ မနက်ဖြန်က စကာ ပြန်လည်ပြေးဆွဲမည် ======================= ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေ ဖုံး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ထံ သိရသည်။ COVID-19 ရောဂါ ကူးဆက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားနှင့် ခရီးသည် စီးနင်းမှုလျော့နည်းသွားသဖြင့် ခရီးဝေးရထားများတွင် စာပို့ရထား(၆)စင်း၊ ပါဆယ် ရထား(၄)စင်း နှင့် ကုန်ရထားများပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်းများတွင် တွဲဆိုင်း(၃) ဆိုင်းဖြင့် ခေါက်ရေ(၁၂)ခေါက်သာ ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။ ယခုအခါ COVID-19 ရောဂါကူးဆက်ပြန့်ပွားမှု လျော့နည်းလာပြီ ဖြစ်သည့်အတွက် ခရီးသွား ပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်၊ ရန်ကုန်-ပြည်၊ မန္တလေး-လားရှိုး စသည့် ရထားလမ်းပိုင်း များနှင့် အခြားလမ်းပိုင်း အသီးသီးတွင် လူစီးအမြန်ရထား၊ လူစီးစာပို့ရထား၊ လူစီးကုန်တင် ရထား၊ ခရီးတိုရထားများနှင့် ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်များကို ဖေဖော်ဝါရီ (၄) ရက်မှစ၍ ရထားစင်းရေ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ရထားများပြေးဆွဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ Social Distancing ရှိရေးအတွက် ဘူတာ အဝင်နှင့် ရထားပေါ်တွင် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာ အဝင် လက်ဆေးခုံများ၌ လက်ဆေးစေခြင်း၊ Mask တပ်ဆင်ပြီးမှ ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် (၂)ယောက်ထိုင်နိုင်သော ထိုင်ခုံ(၁)ခုံ၌ ခရီးသည်(၁)ဦးသာ ထိုင်စေခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာတွင် ရန်ကုန် - မန္တလေး ခရီးစဥ်ကို ညနေ ၃ နာရီ တွင် တစ်စီး၊ ညနေပိုင်း ၃ နာရီ ၄၅ မိနစ် တွင် တစ်စီး၊ ရန်ကုန် - မော်လမြိုင် ခရီးစဥ်ကို မနက် ၆ နာရီ ခွဲ တစ်စ်စီး ည ၈ နာရီတွင် ၁ စီး စသည်ဖြင့် ခရီးစဥ်များဖြင့်ပြေးဆွဲမည် ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။ HAP Crd