No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တွံတေးမြို့နယ်ရှိ ရွှေ နဂါးဓာတ်မြေသြဇာစက်ရုံအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း ကွင်းဆင်းစစ် ဆေးပြီး လည်ပတ်ခွင့် ရပ်ဆိုင်း စေခဲ့ကြောင်း စက်ရုံအနီးရှိကျေး ရွာများကိုယ်စား စက်ရုံပိတ်သိမ်း အရေးယူရေး ကူညီဆောင်ရွက် ပေးနေသည့် ရန်ကုန်တိုင်းဒေသ ကြီးပြည်သူ့ပါတီ အတွင်းရေးမှူး ကိုရဲဝင်းထွဋ်က ပြောသည်။ ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသည့် အနံ့များကြောင့် ပတ်ဝန်းကျင်တွင်နေထိုင်သူများကျန်းမာရေးထိခိုက်ခြင်း၊ စိုက်ပျိုး ထားသည့် သီးပင်နှင့် သောက် သုံးရေကန်များ ပျက်စီးခြင်းတို့ရှိ နေသည်ဟု တိုင်ကြားမှုများ ကြောင့် ဇန်နဝါရီ ၂၉ ရက်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ် တိုင်သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်စက် ရုံထဲဝင်စစ်ပြီးတော့ ကြိုးနီတားပြီး ပိတ်ခိုင်းလိုက်တယ်။ စက်ရုံထဲက ကုန်ကြမ်းတွေကိုလည်း ရှင်းခိုင်း တယ်။ စက်ရုံခိုးပြီး လည်ပတ်တာ ရှိ၊မရှိစစ်ဆေးဖို့ ရဲတပ်ဖွဲ့နဲ့ကျေး ရွာလူကြီးတွေပါဝင်တဲ့ စစ်ဆေး ရေးအဖွဲ့ကို ၂၄နာရီစစ်ဆေးဖို့မှာ ကြားခဲ့တယ်’’ဟု ကိုရဲဝင်းထွဋ်က ပြောသည်။ ရွှေနဂါးဓာတ်မြေသြဇာစက် ရုံသည် တွံတေးမြို့နယ်၊ လှိုင်သာ ယာ-မအူပင် ကားလမ်းမဘေး တွင်လွန်ခဲ့သည့် ၂ နှစ်က ဖွင့်လှစ် ထားခြင်းဖြစ်သည်။ မူလက စိုက်ပျိုးရေးသုံး ပစ္စည်းများ သိုလှောင်ရန်အ ကြောင်းပြချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးနောက်ပိုင်းတွင် ဓာတ်မြေ သြဇာစက်ရုံအဖြစ် ပေါ်ပေါက် လာခြင်းဖြစ်သည်ဟု ယင်းစက်ရုံ အနီးရှိ ထန်းတပင်ရွာသစ်မှ ဦး မြင့်သန်းက ဆိုသည်။ စက်ရုံမှ ထွက်ရှိသည့်အနံ့ ဆိုးများကို ယင်းစက်ရုံအနီးရှိ ကန်မရိုးနှင့် ထန်းတပင်ရွာသစ်တို့ က အဓိကခံစားနေရခြင်းဖြစ် ကြောင်း ဒေသခံရွာသားများက ပြောသည်။ စက်ရုံမှအနံ့ဆိုးများကြောင့် အနီးရှိ ဒေသခံရွာသားများအ သက်ရှူကျပ်ခြင်း၊ မူးဝေခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာသောက်ရေ ကန်မှာလည်း အသုံးပြုမရအောင် ပျက်စီးခဲ့သည်ဟု ဒေသခံရွာသား များက ပြောသည်။ ‘‘ရွာသောက်ရေကန်ကို ၂၀၂၀ ဒီဇင်ဘာကကျန်းမာရေး ဌာနက လာစစ်ဆေးသွားပြီး သောက်သုံးရန် မသင့်ဆိုပြီး သတ် မှတ်ပေးသွားတယ်။ ကန်ထဲက ကြာပင်တွေလည်း ညှိုးပြီးသေ ကုန်ပြီ။ ကျန်းမာရေးကမပြောခင် အချိန်အထိတော့ ရွာသားတွေက အဲဒီကန်ရေကိုပဲ သောက်သုံးနေ ကြတာ။အခုတော့ဘယ်သူမှမသုံး ရဲတော့ဘူး’’ဟု ကန်မရိုး ကျေးရွာ မှ ကိုကျော်ဇေယျက ပြောသည်။ ထို့ကြောင့် မြို့နယ်အာဏာ ပိုင်များအား အကြိမ်ကြိမ်အသိ ပေးတိုင်ကြားခဲ့သော်လည်း ထိ ရောက်သည့်အရေးယူမှုမရှိခဲ့သ ဖြင့် ဒေသခံရွာသားများက ဇန်န ဝါရီ ၂၆ ရက်တွင် ယင်းစက်ရုံအား စစ်ဆေးအရေးယူပေးရန် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံတိုင်ကြားခဲ့ သည်။ ‘‘၂၇ ရက်နေ့က ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ရှေ့ပြေးအ နေနဲ့ ဝန်ကြီးချုပ်က အရင်လွှတ် ပြီးစစ်ဆေးခိုင်းတယ်။ သူ (ဝန် ကြီးချုပ်)ကတော့ ၂၉ ရက်မှာ ကိုယ်တိုင်ထပ်လာစစ်တာ’’ ဟု ကိုရဲဝင်းထွဋ်က ဆိုသည်။ စက်ရုံအား တာဝန်ယူရှိသူ များက စစ်ဆေးရာတွင် ဓာတ်မြေ သြဇာစက်ရုံတစ်ရုံဖွင့်လှစ်လည် ပတ်ရာတွင်လိုအပ်သည့် လိုင်စင် များ ပြည့်စုံမှုမရှိသည့်အတွက် သတ်မှတ်ချက်များနှင့်ပြည့်စုံမှုရှိ သည်အထိ စက်ရုံပိတ်ထားရန် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ ကြောင်း ကိုရဲဝင်းထွဋ်က ပြော သည်။ယင်းစက်ရုံကြောင့် ပတ်ဝန်း ကျင်ထိခိုက်နစ်နာမှုများအပေါ် ပြန်လည်ကုစားပေးနိုင်မည့် အစီ အစဉ်များကိုလည်း ဒေသခံရွာ သားများနှင့် ထပ်မံတွေ့ဆုံ၍ ဆောင်ရွက်ပေးမည်ဟု ဦးဖြိုးမင်း သိန်းက ကတိပြုပြောကြား ကြောင်း ဒေသခံရွာသားများက ဆိုသည်။ အဆိုပါအကြောင်းအရာ များနှင့်ပတ်သက်၍ ရွှေနဂါးစက် ရုံတာဝန်ရှိသူများထံ ယမန်နေ့က ဆက်သွယ် မေးမြန်းရန်ကြိုးစား သော်လည်း မရခဲ့ပေ။ Credit: