No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်မတော်နဲ့ တခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာစောင့်ထိန်းဖို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ ထုတ်ပြန် ရွေးကောက်ပွဲရလဒ်ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတွေအားလုံးကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆို ဖေဖော်ဝါရီလ ၁ ရက်မှာ လွှတ်တော်အသစ် စတင်ရေးနဲ့ သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မျှော်လင့်ကြောင်း မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက ဒီနေ့ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ နိုင်ငံတစ်ဝန်းရွေးကောက်ပွဲမှာ သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းကြောင်း ပါရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက်ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေးထောက်ခံကြောင်း ဖော်ပြထားပါတယ်။ ဘီဘီစီမြန်မာပိုင်း ၂၀၂၀ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမြင်ကွင်းကိုတွေ့ရစဉ် Crd