
ကရင်တိုင်းရင်းသားဘာသာ အစီအစဉ် ~~~~~~~~ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကြီးကျေးရွာမှာ ဇန်နဝါရီလ ၃ ရက်နေ့က ဖြုတ်ချခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က တပ်မတော်တာဝန်ရှိသူတွေက ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက လာရောက် လေ့လာခဲ့ပါတယ်။ တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ ရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သိရှိလိုတဲ့အတွက် လာရောက်လေ့လာတာ ဖြစ်ကြောင်းနဲ့ ရုပ်တုကိစ္စအပေါ် ဖိအားပေး ခြိမ်းခြောက်တာတွေ မရှိဘူးလို့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ဒေသခံတွေက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တပ်မတော်တာဝန်ရှိသူတွေက ရုပ်တုကိစ္စ သတင်းထွက်ပေါ်နေတဲ့အပေါ် အချင်းချင်း စိတ်ဝမ်းကွဲတာတွေ ဖြစ်လာမှာကို စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ရုပ်ထုကိစ္စနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေအပေါ် ဥပဒေအကြောင်းအရာတွေအပြင် လုပ်ထုံးလုပ်နည်းတွေကိုပါ အကြံပြု ပြောဆိုသွားတယ်လို့ ဆိုပါတယ်။ ဘဲဂရက်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြုတ်ချထားတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တုအပါအဝင် အထိမ်းအမှတ်ကျောက်တိုင်နဲ့ ခန်းမ စိုက်ထူ ဆောက်လုပ်ထားပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုသွားတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ တပ်မတော် တာဝန်ရှိသူတွေက စောဘဦးကြီး အထိမ်းအမှတ်ကျောက်တိုင်ကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သလို ခန်းမကို လှည့်လည်လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက် လက်ဆောင်ပစ္စည်းတွေ ပေးအပ်ပြီး ပြန်လည်ထွက်ခွာသွားတယ်လို့လည်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။ သြဂုတ်လ ၈ ရက်နေ့ကတည်းက စိုက်ထူထားတဲ့ ဒီရုပ်တုကို စိုက်ထူဖို့ ခွင့်ပြုချက် ရှိ၊ မရှိ ဒေသအာဏာပိုင်တွေက မေးမြန်းတာကြောင့် အခုလို ဖြုတ်ထားခဲ့ပြီး ဒေသခံတွေက ခွင့်ပြုချက်ရအောင် ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူကတော့ စောဘဦးကြီး ရုပ်တု စိုက်ထူထားတာကိုရော ဖြုတ်ချတာကိုပါ အစိုးရကို အသိပေးတာမရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက RFA ကို ပြောပါတယ်။ ဒေသခံတွေကတော့ ဒေသအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဖြုတ်ချခဲ့တာလို့ ပြောပါတယ်။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တုကို အထိမ်းအမှတ်အဖြစ် သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ မဖြစ်ရေးနဲ့ နှစ်ဖက်တပ်နေရာချထားရေးအတွက် တွေ့ဆုံညှိနှိုင်းဖို့ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က KNU ဘက်က အကြောင်းကြားခဲ့ပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ခဲ့ဘူးလို့ KNU ဗဟို အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။ "အကြောင်းမပြန်ပေမယ့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ရိက္ခာပို့ဖို့ လမ်းပြင်ရမယ်ဆိုတဲ့ အသိပေးစာ ပို့ခဲ့ပါတယ်။ အသိပေးရုံနဲ့မရဘဲ NCA အပစ်ရပ်စာချုပ်အရ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန NRPC ကို KNU က ကမ်းလှမ်းထားကြောင်း သိရပါတယ်" အဲဒီ ကမ်းလှမ်းချက်ကို NRPC က တွေ့ဆုံဆွေးနွေးဖို့ သဘောတူကြောင်း ပဒိုစောတာဒိုမူးက ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်နဲ့ ညောင်လေးပင်ခရိုင်မှာ တပ်မတော်က စခန်းတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေကြောင့် ဒေသခံပြည်သူတွေက တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက်ရှိနေကြောင်း သိရပါတယ်။ - Unicode ~~~~~~ ကရင်တိုင်းရင်းသားဘာသာအစီအစဉ် ~~~~~~~~ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကြီးကျေးရွာမှာ ဇန်နဝါရီလ ၃ ရက်နေ့က ဖြုတ်ချခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က တပ်မတော်တာဝန်ရှိသူတွေက ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက လာရောက် လေ့လာခဲ့ပါတယ်။ တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ ရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သိရှိလိုတဲ့အတွက် လာရောက်လေ့လာတာ ဖြစ်ကြောင်းနဲ့ ရုပ်တုကိစ္စအပေါ် ဖိအားပေး ခြိမ်းခြောက်တာတွေ မရှိဘူးလို့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ဒေသခံတွေက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တပ်မတော်တာဝန်ရှိသူတွေက ရုပ်တုကိစ္စ သတင်းထွက်ပေါ်နေတဲ့အပေါ် အချင်းချင်း စိတ်ဝမ်းကွဲတာတွေ ဖြစ်လာမှာကို စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ရုပ်ထုကိစ္စနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေအပေါ် ဥပဒေအကြောင်းအရာတွေအပြင် လုပ်ထုံးလုပ်နည်းတွေကိုပါ အကြံပြု ပြောဆိုသွားတယ်လို့ ဆိုပါတယ်။ ဘဲဂရက်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြုတ်ချထားတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တုအပါအဝင် အထိမ်းအမှတ်ကျောက်တိုင်နဲ့ ခန်းမ စိုက်ထူ ဆောက်လုပ်ထားပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုသွားတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ တပ်မတော် တာဝန်ရှိသူတွေက စောဘဦးကြီး အထိမ်းအမှတ်ကျောက်တိုင်ကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သလို ခန်းမကို လှည့်လည်လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက် လက်ဆောင်ပစ္စည်းတွေ ပေးအပ်ပြီး ပြန်လည်ထွက်ခွာသွားတယ်လို့လည်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။ သြဂုတ်လ ၈ ရက်နေ့ကတည်းက စိုက်ထူထားတဲ့ ဒီရုပ်တုကို စိုက်ထူဖို့ ခွင့်ပြုချက် ရှိ၊ မရှိ ဒေသအာဏာပိုင်တွေက မေးမြန်းတာကြောင့် အခုလို ဖြုတ်ထားခဲ့ပြီး ဒေသခံတွေက ခွင့်ပြုချက်ရအောင် ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူကတော့ စောဘဦးကြီး ရုပ်တု စိုက်ထူထားတာကိုရော ဖြုတ်ချတာကိုပါ အစိုးရကို အသိပေးတာမရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက RFA ကို ပြောပါတယ်။ ဒေသခံတွေကတော့ ဒေသအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဖြုတ်ချခဲ့တာလို့ ပြောပါတယ်။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တုကို အထိမ်းအမှတ်အဖြစ် သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ မဖြစ်ရေးနဲ့ နှစ်ဖက်တပ်နေရာချထားရေးအတွက် တွေ့ဆုံညှိနှိုင်းဖို့ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က KNU ဘက်က အကြောင်းကြားခဲ့ပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ခဲ့ဘူးလို့ KNU ဗဟို အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။ "အကြောင်းမပြန်ပေမယ့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ရိက္ခာပို့ဖို့ လမ်းပြင်ရမယ်ဆိုတဲ့ အသိပေးစာ ပို့ခဲ့ပါတယ်။ အသိပေးရုံနဲ့မရဘဲ NCA အပစ်ရပ်စာချုပ်အရ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန NRPC ကို KNU က ကမ်းလှမ်းထားကြောင်း သိရပါတယ်" အဲဒီ ကမ်းလှမ်းချက်ကို NRPC က တွေ့ဆုံဆွေးနွေးဖို့ သဘောတူကြောင်း ပဒိုစောတာဒိုမူးက ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်နဲ့ ညောင်လေးပင်ခရိုင်မှာ တပ်မတော်က စခန်းတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေကြောင့် ဒေသခံပြည်သူတွေက တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက်ရှိနေကြောင်း သိရပါတယ်။ - Zawgyi Credit:RFA