No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မကြာသေးခင်က ထိုင်းနိုင်ငံမှာ ရှိတဲ့ Taxi ယာ ဉ်မောင်း အမျိုးသားကြီးရဲ့ သနားစရာ အဖြ စ်အ ပျက်ဟာ ရေပန်းစားလို့ ရှိနေပါတယ်။ အဆိုပါ အမျိုးသားရဲ့အဖြစ်ကို Nongying Ch uaib am rung အမည်ရှိတဲ့ အမျိုးသမီးက August 26 ရ က်နေ့က.. Taxi ငှါးစီးရင်းနဲ့ သိရှိခဲ့တာပါ။ Nongying ဟာ ဖုန်းအသုံးပြုနေရင်းနဲ့ Taxi တစ်စီး ငှါးစီးခဲ့တာပါ။ ကားက အတော်လေးကို နှေးနေတဲ့ အတွက် သူ မက စိတ်မရှည်နိုင်တော့ပဲ ဖုန်းကိုချလိုက်ချိန်မှာမှ ကားဆရာက သူ့ရဲ့ ကားခုံအနောက်က အေ ာက်စီဂျင်ဘူးမှ ပိုက်လေးထဲမှာ ပူဖောင်းတေတွေ ပိတ်နေလား ဆိုပြီး မေးမြန်းခဲ့ပါတယ်။ ထိုအ ချိန်မှ သူမ သတိထား မိလိုက်ပြီး အောက်စီဂျင်ဘူးကို စစ်ဆေးပေးခဲ့ပါတယ်။ ထို့နောက် အဆိုပါ ဦးလေးကြီးကို အကြောင်းအ ရင်း မေးမြန်းခဲ့ချိန်မှာတော့ ငါ့မှာရောဂါ အ တေ ာ်များတယ်.. မျက်လုံးတွေလည်း သိပ်မကောင်းတော့ဘူး ပြီးတော့ ငါ့ရဲ့ ကျောက်ကပ် တွေကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ဘူး.. ငါကားမောင်းနေတဲ့ အချိန်မှာတောင်။ကျောက်ကပ် အတွင်းအညစ်အကြေး ဖယ် ထု တ် သန့်စင်ပေးရတဲ့ လုပ်ငန်းစဉ်မျိုး လုပ်နေရတာ.. အဆုတ် ရေဝင်နေလို့ အခုလို အောက်စီဂျင်ဘူးကြီးကို ငါနဲ့အတူ ဆောင်ထားရတာပါ ဆိုပြီး ပြန်လည် ပြောပြခဲ့ပါတယ်.။ ထို့အပြင် အဆိုပါ ဦးလေးက အခန်းငယ်လေး တစ်ခန်း ငှါးရမ်းပြီး နေထိုင်နေကြောင်းအစိုးရက လစဉ် ထောက်ပံ့ကြေး 800 ဘတ် ပေးပေမယ့်လည်း အခြား အိမ်ငှါးခတွေ စားစရိတ်တွေ လိုအပ်လို့ အခုလို taxi ငှါးမောင်းနေရတာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ Nongying ကလည်း အဆိုပါ ဦးလေးကို သနားသွားခဲ့ပြီး ငွေအနည်းငယ် ပိုပေးခဲ့တဲ့ အပြင်.. အဆိုပါ ဦးလေးရဲ့အဖြစ်ကို social media မှာ ဝေမျှပြီး အကူအညီရအောင် ကြိုးစားပေးခဲ့ပါတယ်။ ဦးလေးက သားတစ်ယောက် ရှိပေမဲ့ သားဖြစ်သူမှာလည်း လစာငွေ အနည်းငယ်သာ ရရှိသူ ဖြစ်သောကြောင့် ဖခင်ဖြစ်သူကိုငွေ အနည်းငယ်သာ ပို့ပေးနိုင်သူပါ သို့ပေမဲ့ အဆိုပါ အဖြစ်အပျက်ဟာ social media မှာ အတော်လေး ရေပန်းစား ခဲ့ပြီးနောက် သနားစာနာကြတဲ့ လူအတော် အများကငွေကြေး 1,189,487 ဘတ်ခန့် လှူတန်းပေးခဲ့ကြလို့ ယခုဆိုရင် Taxi မောင်းတဲ့ အလုပ်အစား ကျန်မားရေးကို မထိခိုက်တဲ့ အခြား အလုပ်မျိုးကိုသာ ပြုလုပ်တော့မည် ဖြစ်ကြောင်း Taxi ဦး လေးကြီးက ပြောဆိုသွားခဲ့ပါတယ်။