No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အင်ဒိုနီးရှားရှိ မီးတောင် ပေါက်ကွဲလျက်ရှိ အင်ဒိုနီးရှားနိုင်ငံရှိ Mount Merapi မီးတောင်ဟာ မနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ချော်ရည်တွေဟာ မီးခိုးလိပ်တွေနဲ့အတူ မီးတောင်ရဲ့ တောင်စောင်းတစ်လျှောက် စီးကျနေတာကို မြင်တွေ့ရပါတယ်။ ဒီမီးတောင်နဲ့ ပတ်သက်ပြီး အန္တရာယ်အဆင့်အခြေအနေကို တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ပြီးနောက် အပြင်းထန်ဆုံးပေါက်ကွဲမှုလည်းဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲနေတဲ့အသံကို (၁၈) မိုင်အကွာလောက်ကပင် ကြားနေရတယ်လို့ဆိုပါတယ်။ မီးတောင်အနီးဝန်းကျင်မှာရှိတဲ့ ရွာအချို့မှာနေထိုင်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ယာယီခိုလှုံရေးစခန်းတွေကိုဆီကို နေရာရွှေ့ပြောင်းပေးထားရပါတယ်။ ဒီမီးတောင်ဟာ ပေ ၉,၇၀၀ ကျော်မြင့်ပြီး၊ လူနေထူထပ်တဲ့ ဂျာဗားကျွန်းမှာတည်ရှိပါတယ်။ Black Bin ( Media 21 ) Ref-Xinhua Crd