No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိန်းမဘက်ကပါသည့် ကလေးကို ၁၀၅ ကြိမ် အဓမ္မပြုကျင့်သည့် မလေးရှားအမျိုးသားထောင်ဒဏ် နှစ်ပေါင်း ၁ ၀၅၀ ချမှတ်ခံလိုက်ရ =========================================== မိန်းမဘက်ကပါသည့် ၁၂ နှစ်သမီးကို နှစ်နှစ်တာကာလအတွင်း ၁၀၅ ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို မလေးရှားတရားရုံးက ထောင်ဒဏ်နှစ်ပေါင်း ၁ ၀၅၀ ချမှတ်လိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်သတင်းက ဆိုသည်။ ထိုအမျိုးသားသည် ကြိမ်ဒဏ်လည်း ချမှတ်ခံထားရသည်။ ယင်းအမျိုးသားသည် အဓမ္မပြုကျင့်မှုတစ်ကြိမ် ကျူးလွန်တိုင်း ထောင်ဒဏ် ဆယ်နှစ်စီနှင့် ကြိမ်ဒဏ် နှစ်ချက်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအမျိုးသားကိုရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးလိုက်သည်။ စွဲချက်တစ်ခုစီတိုင်းကို သီခြားစီ ဖတ်ပြနေသဖြင့် တရားစီရင်မှုသည် ငါးနာရီနီးပါး ကြာမြင့်သွားသည်။ အလုပ်လက်မဲ့ထိုအမျိုးသားသည် အိမ်တွင် ယင်း ၁၂ နှစ်သမီးနှင့် နှစ်ဦးတည်း ကျန်ရစ်နေချိန်များတွင် အဆိုပါပြစ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို မိခင်အားပြန်မပြောရန် ၎င်းကကလေးကို ခြိမ်းခြောက်ထားသည်။ ကလေး၏မိဘရင်းများသည် ၂၀၁၅ ခုနှစ်တွင်ကွာရှင်းလိုက်ကြပြီး မိခင်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထိုအမျိုးသားနှင့်လက်ထပ်လိုက်သည်။ မိခင်က သမီးကို အခြားအိမ်တစ်အိမ် ခေါ်သွားသည့်အခါတွင်မှ ကလေးကဖြစ်ကြောင်းကုန်စင်ကို မိခင်အား ပြောပြခဲ့ခြင်းဖြစ်သည်။ ( CNA, 29.1.21) ချယ်ရီ Crd