မြန်အောင်မှာ မြို့နယ် USDP ပါတီဥက္ကဋ္ဌအိမ်ရှေ့ ဗုံးပေါက်ကွဲ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ကြာနီကန်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ မြို့နယ်ပါတီဥက္က္ကဋ္ဌဦးနေဝင်းဇော်အိမ်ရှေ့မှာ ဒီကနေ့ ဇွန် ၄ ရက် မနက် ၄နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံအချို့ကဘီဘီစီကိုပြောပါတယ်။ ‘ ‘ မနက်က အသံကြားလိုက်တဲ့အချိန် နာရီကြည့်မိတော့ ၃နာရီ ၅၇ မိနစ်ရှိပြီ။ လူထိခိုက်တာတော့မရှိဘူး။ သူ့ရဲ့ကားတော့ နည်းနည်းထိခိုက်သွားတယ်လို့ သိရတယ်။ အဲဒီချိန် ကျွန်တော့်ရဲ့ ကုန်ကားတစ်စီး ထွက်ဖို့ လုပ်တော့ အဲဒီဘက်ကလမ်းပိတ်ထားလို့ တခြားဘက်ကသွားရတယ်။ အခုတော့ လမ်းလည်းပြန်ဖွင့် ထားပါပြီ။ မြို့ထဲမှာတော့ စစ်တာဆေးတာက အရင်နေ့တွေထက် ဆိုင်ကယ်တွေကို ပိုစစ်တယ်။ တူးဘောက်တွေပါဖွင့်စစ်တာတွေ့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းတာဆီးတာတော့မကြားရသေးဘူး’’လို့ အဲဒီအနီးတဝိုက်မှာ နေထိုင်သူကပြောပြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်က မြို့နယ် USDP ပါတီဥက္က္ကဋ္ဌတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရပါတယ်။ Credit:
