
မြန်မာနိုင်ငံရှိ ကုမ္ပဏီအားလုံးလျှောက်ထားနိုင်သည့် ကုမ္ပဏီသုံး အကြွေးဝယ်ကတ် ပထမဆုံးစတင်ထုတ်လုပ် ============================================ မြန်မာနိုင်ငံတွင် ပထမဆုံး ကုမ္ပဏီသုံး Mastercard အကြွေးဝယ်ကတ်ဖြစ်သည့် CB MasterCard Corporate Credit Cards များကို စတင်ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကုမ္ပဏီသုံးအကြွေးဝယ်ကတ်များမှာ လုပ်ငန်းနှင့်ပတ်သက်သော ငွေပေးချေမှုများနှင့် အထွေထွေပေးချေမှုများအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေဆောင်ရွက်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီအားလုံးက ဒီ ကုမ္ပဏီသုံးအကြွေးဝယ်ကတ်ကို လျှောက်ထားနိုင်ပါတယ် ဟု ယင်းကိုထုတ်လုပ်သော CB Bank ၏ Executive Vice Chairman & CEO ဖြစ်သူ ဦးကျော်လင်းက ပြောသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ကုမ္ပဏီ အသုံးစားရိတ်ထိန်းချုပ်မှု ဝန်ဆောင်လုပ်ငန်းကို ပေးအပ်နိုင်ပြီဖြစ်ကြောင်းလည်း Mastercard ၏ Area Country Manager, Thailand and Myanmar ဖြစ်သည့် Aileen Chew က ပြောသည်။ ယင်းကတ်ဖြင့် အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်များတည်းခိုစရိတ် အစရှိသော ငွေပေးချေမှု အမျိုးမျိုးကို လွယ်ကူစွာဖြင့် ပေးဆောင်နိုင်ပြီး အသုံးစရိတ်များကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ PYP Crd