
အိမ်ပြန်ပို့ခံရသည့် ဘီလာရုစ်အပြေးမယ် အမိန့်ကိုငြင်းဆန်ပြီး တိုကျိုလေဆိပ်တွင် သောင်တင် DVB တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် ဘီလာရုစ်နိုင်ငံက တာတိုအပြေးမယ်တစ်ဦးကို အမိန့်မနာခံမှုနဲ့ အိမ်ပြန့်ပို့ခဲ့ပေမဲ့ အိမ်မပြန်ဖြစ်ဘဲ လေဆိပ်မှာပဲသောင်တင်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိ ဆီမာနော့ဗ်ကာယာဟာ မီတာ ၂၀၀ အပြေး မယ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပေမယ့် တခါမှ ဝင်မပြိုင်ဖူးတဲ့ မီတာ ၄၀၀ လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲဝင်ပြိုင်ဖို့ နည်းပြတွေ က ဖိအားပေးခဲ့တာပါ။ အဲဒီအပေါ်မှာ ဆီမာနော့ဗ်က ပြန်လည်ဝေဖန်ခဲ့တာကြောင့် နည်းပြတွေက ဘီလာရုစ်နိုင်ငံကို ပြန်ပို့ခဲ့ကြတာဖြစ်ပါတယ်။ #DVB #News #Sport http://burmese.dvb.no/archives/479034 အိမ်ပြန်ပို့ခံရသည့် ဘီလာရုစ်အပြေးမယ် အမိန့်ကိုငြင်းဆန်ပြီး တိုကျိုလေဆိပ်တွင် သောင်တင် Credit: